25 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ စျေးဆိုင်များအားလုံးကို ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်မပိတ်ရန်နှင့် အသံတိတ် သပိတ်တွင် မပါဝင်ရန် စစ်တပ်က ခြိမ်းခြောက်၊ ပဲခူးနှင့်မန္တလေးတွင်လည်း အလားတူ ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇန်နဝါရီလ ၂၇ 

ရန်ကုန်တိုင်းအတွင်းရှိ စျေးဆိုင်များအားလုံးကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆိုင်မပိတ်ရန်နှင့် အသံတိတ် သပိတ်တွင် ပါဝင်ခြင်းမပြုရန် စစ်တပ်က ခြိမ်းခြောက် ဖိအားပေးလျက်ရှိကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။ 

“အပေါ်စာကတော့ အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးထားတာ။ ဆိုင်ပိတ်လို့မရဘူးပေါ့။ အောက်စာကတော့ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ကြေညာချက်ကို ပေးသွားတာ။ ဆိုင်တိုင်းကို လိုက်ပေးတာ။ ကျမတို့ကတော့ ကြိုပိတ်မယ်။ ၂၉ လောက်ကတည်းက ပိတ်ပြီး နယ်ပြန်မယ်။ လာလည်း မဖွင့်တော့ဘူး။ ဒီစစ်ခွေး အမိန့်တော့ မနာခံနိုင်ဘူး” ဟု ရန်ကုန်မြို့လယ်ခေါင်မှ ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ 

အလားတူ ပဲခူးတိုင်းနှင့်မန္တလေးတိုင်းတို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆိုင်များ မပိတ်ရန် လိုက်လံ ပြောဆိုလျက်ရှိပြီး ဆိုင်ခန်းများကို ဓာတ်ပုံရိုက်ယူလျက်ရှိကြောင်း သိရှိရသည်။ 

အသံတိတ်သပိတ်တွင်ပါဝင်ပါက ဥပဒေမျိုးစုံနှင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ၎င်း ဝါဒဖြန့် မီဒီယာပေါင်းစုံမှ ပြည်သူကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article