26 C
Yangon

ရေဖြူမြို့နယ်၊ ပရဒတ် ကျေးရွာမှ NLD ပါတီဝင် ဦးကျော်ဝင်း(ခ) ဦးဖပလက်ကို  ပျူစောထီးအဖွဲ့က ပစ်ခတ် သတ်ဖြတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇ 

တနသာ်ရီတိုင်း ၊ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်  နဘုလယ်ဒေသ၊ပရဒတ်ကျေးရွာမှ NLD ပါတီဝင် ဦးကျော်ဝင်း(ခ) ဦးဖပလက်ကို ပျူဟောထီး အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ကြော်ငး သိရှိရသည်။ 

 ဇန်နဝါရီ ၂၇ ရက် မနက် ၈ နာရီ ဝန်းကျင်ခန့်အချိန်က ဦးကျော်ဝင်း(ခ)ဦးဖပလက် အသက် ၅၀ နှစ်သည် ၎င်း၏ဥယျာဉ်ခြံတွင် သစ်ပင်များရေလောင်းနေစဉ် ပျူစောထီးအဖွဲ့က  ဖမ်းဆီးခေါ်ဆောင်သွားကာ အနီးအနားရှိတောတွင်း တစ်နေရာတွင် ညှဉ်းပန်းနှိပ်စက်ပစ်သတ်သွားကြောင်း‌ ဒေသခံတစ်ဦးက ပြော သည်။ 

ဦးကျော်ဝင် (ခ)ဦးဖပလက် သည် ရွာထဲတွင်အနေအေးဆေးသူဖြစ်ပြီး NLD ပါတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ပျူစောထီးများက ၎င်း၏ ဆိုင်ကယ်နှင့်ဖုန်းကို လာရောက် သိမ်းယူပြီး ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပျူစောထီးများက လာရောက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အသတ်ခံရသူ NLD ပါတီဝင် ဦးကျော်ဝင်းတွင်   သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပြီး  အငယ်ဆုံးသားမှာ လသားအရွယ်၊ ၁၃ နှစ်အရွယ် သမီးငယ်၊၉ နှစ် အရွယ် သားငယ်တို့ ကျန်ရစ်ကြောင်း၊  ဦးကျော်ဝင်းသည် ဥယျာဉ်ခြံစိုက်ခြင်းဖြစ် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းသူဖြစ်ပီး ခါးနာဝေဒနာခံစားနေရသူဖြစ်ကြောင်း သိရှိရသည်။ 

ဇန်နဝါရီ ၂၇ ရက်နေ့လယ်ပိုင်းတွင် အလောင်းအား ရေဖြူဆေးရုံသို့သယ် ဆောင် သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article