29 C
Yangon

ရန်ကုန်သာကေတမြို့နယ် ရဲစခန်း အပစ်ခံရ၊ သန်လျင်မြို့နယ်လျှပ်စစ်ရုံးနှင့်လှိုင်မြို့နယ်တို့တွင်လည်း ဗုံးများ ပေါက်ကွဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇


ရန်ကုန်တိုင်း ၊ သာကေတမြို့နယ် ရဲစခန်း ယနေ့ ညပိုင်း အပစ်ခတ်ခံရပြီး သန်လျင်မြို့နယ်လျှပ်စစ်ရု့းနှင့် လှိုင်မြို့နယ်တို့တွင်လည်း ဗုံးများပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် သာကေတ မြို့နယ်တွင် သာကေတ အမှတ် ( ၂ ) ရဲစခန်းကို ပစ်ခတ်ခံရကြောင်း၊ သေနတ်သံများကြားရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ရဲစခန်းဘက်က သေနတ်သံကြားရလို့ မေးကြည့်တော့ ပစ်သွားတယ်ပြောတယ်။ မျက်မြင်တော့ မတွေ့လိုက်ရဘူး။ သေနတ်သံပဲကြားလိုက်ရတာ” ဟု သာကေတဒေသခံတစ်ဦးက ပြောသည်။

သာကေတ အမှတ် ၂ ရဲစခန်းကို The Boys နှင့် D.R.F အဖွဲတိုမှ ည ၈ နာရီ ၁၂ မိနစ်တိတိတွင် ပူးပေါင်း၍ပစ်ခတ်ခဲ့ကြောင်း အဆိုပါအဖွဲ့များက ထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် လျှပ်စစ်ရုံးကို ယနေ့ည ၈ နာရီ ၂၀ မိနစ်အချိန် ဗုံးဖောက်ခွဲမှု တစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသ တော်လှန်ရေး လူငယ်များထံမှ သိရှိရသည်။

“လျှပ်စစ်မန်နေဂျာရုံးသည် အကြမ်းဖက်စစ်တပ်အတွက် ကျည်ဆံဖိုးများကို ပြည်သူ့တွေကို မတရားဖိနိုပ်ခြိမ်းခြောက်ကောက်ခံနေပြီး မီးများကိုအတင်း လိုက်လံဖြတ်တောက်နေသည်အတွက် မြို့ပြပျောက်ကျားတော်လှန်ရေးတပ်ဖွဲ့(Urban Guerrilla Force Thanlyin – U.G.F Thanlyin) ကနေ အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲခဲ့ကြောင်း” ဟု U.G.F သန်လျင်က တရားဝင် ပြောဆိုထားသည်။

“လူထိခိုက်မှုမရှိပါဘူး။ စစ်ကောင်စီဒေါက်တိုင် လျှပ်စစ်ရုံးကိုပဲ ဖောက်ခွဲတိုက်ခိုက်တာပါ” ဟု U.G.F သန်လျင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်း ၊လှိုင်မြို့နယ်တွင်လည်း ယနေ့ ညနေ ၆ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article