37 C
Yangon

ဟိုပင်တိုးဂိတ်အနီး တင့်ကားများအပါအဝင် ထိုးစစ်ဆင်လာသော စစ်ကောင်စီယာဉ်တန်းကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရသူများပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းဘက်မှ တင့်ကားများအပါအဝင် ထိုးစစ်ဆင်လာသော စစ်ကောင်စီယာဉ်တန်းကို ဟိုပင်တိုးဂိတ်အနီးတွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်း ကျင် KIA နှင့် PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက် ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း မိုးညှင်းဘက်ကမှ စစ်ကောင်စီယာဉ်တန်းသည် ထိုးစစ်ဆင်ရန်အတွက် ချီတက်လာကြောင်း၊ တင့်ကားများ ပါဝင်သော စစ်ကောင်စီယာဉ်တန်းကို မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ငါးမိုင်နှင့်ကြာကြီးကွင်းရွာကြား ဟိုပင်တိုးဂိတ်အနီး နေရာ နှစ်ခုတွင် KIA နှင့် PDF က မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ စစ်ကောင်စီဘက်က တင့်ကားများဖြင့်ပြန်လည် ပစ်ခတ်ကြောင်း PDF သတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article