25 C
Yangon

ဖယ်ခုံတွင် စစ်ကောင်စီစခန်းကို ဖယ်ခုံ PDF ဝင်တိုက်၊ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းတစ်ခုကို ဖယ်ခုံ PDF က ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၆ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး နံနက် ၆ နာရီ ၂၀ မိနစ်မှ ၉ နာရီ ၁၀ မိနစ်အထိ ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံ PDF ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နံနက် ၈ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။”ဖယ်ခုံမြို့အဝင်မျာ မနက်ကတည်းက တိုက်ပွဲဖြစ်တာပါဗျ၊ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ ဖယ်ခုံတပ်ရင်းကနေ အရင်ကဆိုရင် ၆၀ မမ လောက်ပဲ သုံးတာ၊ အခုက ၁၀၆ မမ တွေပါ အဆက်မပြတ် ပစ်ကူနေတာဗျ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။”ဒီမနက်တိုက်ပွဲက ပြင်းထန်တယ်၊ လေယာဉ်နဲ့လည်း လာပစ်တယ်။ PDF၊ KNDF၊ KA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတယ်။ မြေပြင်မှာ အင်တာနက်တွေလည်း ဖြတ်ခံထားရတော့ တိုက်ပွဲအခြေအနေက အသေးစိတ် မသိရသေးဘူး။ ဒီနေ့ တိုက်ပွဲ တော်တော်ကြီးကြီး ဖြစ်လာမယ် ထင်တယ်” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကူများဝင်ရောက်လာနေပြီး ဆီဆိုင်-လွိုင်ကော်လမ်အတိုင်း စစ်ကား အစီးရေ ၈၀ ကျော် ဇန်နဝါရီလ ၂၈ ရက် ယမန်နေ့ညပိုင်းတွင် ထွက်ခွာလာခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ဖယ်ခုံမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့် လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၄၂၁၊ ခမရ ၃၃၆ တပ်ရင်းများနှင့် အမြှောက်တပ်ရင်းများ၊ ထောက်ပို့တပ်ရင်းများ အခြေစိုက်ထားသည်။

ဓါတ်ပုံ – ဖယ်ခုံအခြေစိုက် တပ်ရင်းကို ဖယ်ခုံ PDF တပ်ဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article