26 C
Yangon

ပြည်သူကို သတ်ဖြတ်နေသည့် လေတပ်ကွပ်ကဲမှူ ဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်၏ H & K ရေသန့်ကို မသောက်သုံးရန် နှိုးဆော်၊ စစ်တပ်အသိုင်းအ၀ိုင်းက လုပ်ကိုင်နေသည့်ပဲခူး Pann Oo Yin မူကြိုကိုလည်း သပိတ်မှောက်ရန် တိုက်တွန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတစ်ဝန်းတွင် လေကြောင်း တိုက်ခိုက်မှုများဖြင့် ပြည်သူကို သတ်ဖြတ်နေသည့် လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်က ရန်ကုန်တွင် H & K ရေသန့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး အဆိုပါ ရေသန့်ကို ပြည်သူများ သောက်သုံးခြင်းမပြုကြရန် Operation Spitfire အဖွဲ့က ပြောသည်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရှမ်းကုန်းကျေးရွာ၊ အမှတ် ၇၀ ရှိ H&K ရေသန့်စက်ရုံသည် လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်က ပိုင်ဆိုင်ကြောင်း၊ အဆိုပါ စက်ရုံကို လေ ၂၆၆၅ ဗိုလ်မှူးကျော်သူလှိုင်( အမှတ် ၆၁ ၊ အောင်သုခလမ်း၊ ဒိုင်းဝန်းကွင်း၊ ကန်ကြီးတန်ရပ်၊ မော်လမြိုင်မြို့)က ဦးစီးကာ လက်အောက်ခံ လေတပ်စစ်သားများဖြင့် လည်ပတ်လျက်ရှိသော စက်ရုံဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သော ရန်ကုန် တိုင်း၊ လှိုင်မြို့နယ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ဇေယျာမြင့်သိန်းနှင့် အစ်မဖြစ်သူ ဒေါ်နုနုဇင်သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ လှိုင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်များကို ဗိုလ်မှူးဇေယျာမြင့်သိန်းနှင့် အစ်မဖြစ်သူ ဒေါ်နုနုဇင်တို့က ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်ကိုလည်း ရိက္ခ ထောက်ပံ့နေကြောင်း၊ ဒေါ်နုနုဇင်၏ ခင်ပွန်းဖြစ်သူသည် ဗိုလ်ကြီးဟောင်း မျိုးအောင်ဆန်း (တေဇ-၂၃ )မှဖြစ်ပြီး စစ်တပ်၏ ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE သို့ တင်ဒါများ တင်သွင်းနေသူဖြစ်ကြောင်း သိရှိရသည်။

” ဗိုလ်မှူးဇေယျာမြင့်သိန်းရဲ့ အစ်မနုနုဇင်နဲ့ မျိုးအောင်ဆန်းက ပဲခူးမှာ Pann Oo Yin မူကြိုဖွင့်ထားတယ်။ ဒါတွေကို ပြည်သူတွေကို Social Punishment လုပ်ဖို့လိုပါတယ်။ နောက်ပြီး မူကြိုမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ပါဝင်လို့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပြီး ဖမ်းခိုင်းထားတွေလည်းရှိတယ်။ ဒါတွေကို ပြည်သူတွေက ၀ိုင်းပြီး ရှောင်ကြဉ်ကြဖို့လိုပါတယ်။ နောက် တစ်ခုကတော့ Telegram မှာ ဟန်ငြိမ်းဦးဆိုတဲ့ အကောင့်ကို သတင်းပို့နေတဲ့အဓိကသူတွေထဲ နုနုဇင် အပါဝင် တေဇ၂၃ ဗိုလ်ကတော် တွေအဓိကပါနေပါတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရန်ကုန်တိုင်းလှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၃ လမ်းတွင် နေထိုင်သော ဗိုလ်မှူးဇေယျာမြင့်သိန်းသည် ၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ်တွင် စစ်တပ်၏ လူမျိုးတုန်းအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သဖြင့် ၎င်း၏နေအိမ်ကို ရန်ကုန်ပြောက် ကျားအဖွဲ့တဖွဲ့က ဇန်နဝါရီလ ၂၂ ရက် နေ့လယ်ပိုင်းတွင် အဝေးထိန်း ဗုံး ၂ လုံးဖြင့် ဖောက်ခွဲမှု ဖြစ်ပေါ်ခဲ့သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article