30 C
Yangon

အကြမ်းဖက် စစ်ကောင်စီတပ်များ ယောက်သွားအိုင်ရွာထဲ ဝင်ကာ အပြစ်မဲ့ ပြည်သူ နှစ်ဦးကို ပစ်သတ် ၊ ရွာသားများကို ဖမ်းဆီး စစ်ဆေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များ နံနက်ခင်း အစောပိုင်းတွင် ဝင်ရောက်ပြီး အပြစ်မဲ့ ရွာသား ၂ ဦးကို ပစ်သတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

”၁၅ ဦးလောက်တော့ ရှိမယ်ထင်တယ်ဗျ တချို့ကလည်း လာတာကြားတော့ ဘုန်းကြီးကျောင်းထဲပြေးကြတာလေ” ဟု အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ ၁၅ ဦး ခန့်ရှိနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီသည် အိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးခံရသူများကို ဘုန်းကြီးကျောင်းထဲတွင် ထိန်းသိမ်းထားကာ ကျေးရွာအတွင်း ၄၀ မမ လက်နက်ဖြင့် ခြိမ်းခြောက်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယောက်သွားအိုင်ရွာထဲတွင် ရှိနေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article