25 C
Yangon

ရန်ကုန်သာကေတ Fortune Plaza အနီးတွင် ဗုံးကွဲပြီး ပစ်ခတ်မှုများဖြစ်၊ ကျိုက်ထို၊ ကော့စနိုင်တံတားရဲကင်းနှင့် မန္တလေးအောင်မြေသာစံ ရပ်ကွက်ရုံး ဗုံးပစ်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အခြားစစ်သားများ ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်၊ သာကေတမြို့နယ်၊ Fortune Plaza အနီးတွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုများ ဖြစ်ပွားကာ လူနာတင် ကားများ သွားလာမှုမြင်ရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် သာကေတမြို့နယ်၊ Fortune Plaza အနီးတွင် ဗုံးပေါက်ကွဲပြီး ပစ်ခတ်သံများကြားရကြောင်း၊ လူနာတင်ကားများ သွားလာသည်ကို မြင်ရကြောင်း ဒေသခံ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “Fortune Plaza နားမှာ ဗုံးပေါက်ကွဲသံကြားရတယ်။အဲဒါပြီးတော့ သေနတ်သံ ၅ ချက် ကြားရတယ်။ မင်းနန္ဒာလမ်းလမ်းကြီး ၁ စျေးကွေ့မှာ အရေးပေါ်ကား တွေမြင်လိုက်ရတယ်။ အခု သာကေတ၊ ဒေါပုံဘက်မှာ ကားတွေ ပိတ်ပြီး စစ်နေတယ်” ဟု သာကေတမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။အလားတူ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ၁၉ လမ်း ၈၆ လမ်း၊ ၈၇ လမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရှိကြောင်း မန္တလေးဒေသခံများထံမှ သိရှိရသည်။ “အထိအခိုက်ကတော့ စစ်ခွေး ၂ ကောင် ထိသွားတယ်။ Ambulanceကားနှစ်စီး ဝင်သွားတယ်။ စစ်ခွေးတွေက လမ်းအဝင်အထွက်အကုန်စစ်ဆိုင်တွေကိုလည်းလိုက်စစ်သွားတယ်” ဟု မန္တလေးမြေပြင်ကင်းထောက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။ နောက်ဆုံးရရှိသော သတင်းများအရ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှုတွင် စစ်သား ၁ ဦးသေဆုံးသွားကြောင်း၊ အခြားစစ်သား ၁ ဦး ခြေထောက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်တံတားဘေးရဲကင်းထဲသို့ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး စစ်ကောင်စိတပ်ဖွဲ့ဝင် တချို့ ထိခိုက်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သော သာကေတ Fortune Plaza ပတ်ဝန်းကျင်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article