29.6 C
Yangon

မင်းကင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြုလုပ်နေခြင်းကြောင့် ကျေးရွာ ၄ရွာရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် မြစ်ရိုးအောက်ဒေသ အင်းတပတ်နှင့် ဘင်၊ အုန္နဲဘုတ်၊ သင်တော စသည့် ငါးရွာအုပ်စု ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကာ စားဝတ်နေရေး ခက်ခဲနေကြောင်း မင်းကင်းမြို့နယ် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ မြစ်ရိုးအောက်ဒေသရှိ ကျေးရွာများတွင် နေထိုင်သော ပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ဇူလိုင်လ အတွင်းက စတင်ကာ ထွက်ပြေး တိမ်းရှောင် နေရသူများဖြစ်ကြောင်း သိရသည်။

” တိုက်ပွဲတွေဖြစ် စစ်ခွေးတွေ လာပြီဆိုရင် ထွက်ပြေးလိုက် ရွာကို ပြန်ရောက်လာလိုက် ထွက်ပြေးလိုက်နဲ့ နေရတဲ့သူတွေပါ။ ရှောင်ရတာကတော့ မင်းကင်းမှာ တိုက်ပွဲတွေကြမ်းတဲ့ ဇူလိုင်ကစပြီး အကုန်မငြိမ်တာပဲ စားဝတ်နေရေးကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခြေအနေကောင်း ရင်ကူလိုက်၊ သူတို့ပါတဲ့ ရိက္ခာနဲ့ချင့်ချိန်စားလိုက်ပေါ့။ ဘေးပတ်ဝန်းကျင် ရွာတွေကလည်း ကူပေမယ့် မနိုင်ပါဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article