37 C
Yangon

ဒီပဲယင်း၊ ငဝဲတော ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ အကြမ်းဖက်ဝင်ရောက် မီးရှို့နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ငဝဲတောကျေးရွာသို့ ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး နေအိမ် ၂ လုံးထက်မနည်း မီးစွဲလောင်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။”မှန်သာ ဘက်ကနေ နှစ်ဖွဲ့ခွဲပြီးတော့ ဝင်လာတာ၊ သေနတ်နဲ့လည်း အကတ်လိုက်ကို ဆွဲပြီး ပစ်နေတာ။ ငဝဲတော ဘုန်းကြီးကျောင်းမှာ ဝင်နေတာ တွေ့တယ်၊ နောက်တဖွဲ့က နေအိမ်တွေကို မီးလိုက်ရှို့နေတယ်၊ အိမ် အနည်းဆုံး ၂ လုံး မီးလောင်သွားပြီ၊ ရွာသားအကုန်ပြေးကြတော့ ဖမ်းခံရတဲ့သူရှိလား မသိသေးဘူး” ဟု တိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နံနက် ၈ နာရီခန့်မှ စတင်ကာ ဝဘာကျေးရွာသို့ ပစ်ခတ်ဝင်ရောက်ပြီး ထိုမှတဆင့် မှန်တောကျေးရွာကိုဖြတ်ကာ ငဝဲတော ကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article