25 C
Yangon

DKBA ဗိုလ်စလုံးစခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် ဖလူးလေးကျေးရွာရှိ ပြည်သူပိုင်နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးလေးကျေးရွာအနီးရှိ DKBA ဗိုလ်စလုံးစခန်းကို အကြမ်းဖက်စစ်တပ်က ယမန်နေ့မှစတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် ဖလူးလေးကျေးရွာရှိ ပြည်သူပိုင် နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရပ်ကွက်များထံ မှ သိရှိရသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် BGF တပ်များက ဖလူးလေးကျေးရွာအနီးရှိ DKBA ဗိုလ်စလုံး စခန်းကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း၊ ယင်းသို့ ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီး များဖြင့် ဗိုလ်စလုံးစခန်းကို ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။ 

“စစ်တပ်က လက်နက်ကြီးတွေ အရမ်းပစ်တယ်။ ဒါပေမယ့် ဟိုဘက်မှာ အဖွဲ့ပေါင်းစုံက ဝင်ကူကြတယ်။ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးတွေက ပြည်သူတွေရဲ့ အိမ်တွေကို ထိတယ်။ အခုထက်ထိတော့ မနေ့ညနေကစပြီး အခုအထိ DKBA ဗိုလ်စလုံးတို့ဘက် ထိန်းထားနိုင်တယ်။ အကျအဆုံးလည်း မရှိဘူး။ ထိခိုက်တာ နည်းနည်းပါးပါးပဲရှိတယ်”ဟု KNLA စစ်သတင်းရင်းမြစ်က ပြောသည်။ 

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံအတွင်းသို့ ကျည်ကျရောက်မှုများရှိနေပြီး စစ်ဘေးရှောင်စခန်းများအတွင်းသို့လည်း ကျည်များကျရောက်ကြောင်း၊ ဖလူးလေးကျေးရွာတစ်ဖက်ကမ်း နွားခြံအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ထပ်မံ ပြောင်းရွှေ့ရ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article