29 C
Yangon

တရုတ်က လှေနံနှစ်ဖက်နင်း မူဝါဒဖြင့် စစ်ကောင်စီကို ဆက်ဆံသကဲ့သို့ NLD ကိုလည်း မပစ်ပယ်၊ စစ်ကောင်စီအပေါ် တရုတ်ယုံကြည်မှု ကျဆင်းလာ

Must read

မြန်မာနိုင်ငံရှိ တရုတ်၏ မြင့်မားသောလောင်းကြေးများ၊ တရုတ်ကြောင့် အချိန်ကြာမည့် စစ်ပွဲ

By ဂျေဆင် တာဝါ

တရုတ်သည် ၎င်းတို့၏အကျိုးစီးပွားကို စစ်ကောင်စီက အစွမ်းကုန်ကာကွယ် ပေးလိမ့်မည်ဆိုသည့်ဘက်က လောင်းကြေး ထပ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ပိုမိုကြာရှည်သည့်ပြည်တွင်းစစ်အတွက် အခင်းအကျင်းတစ်ခုကို ဖန်တီးလိုက်သည်။

မြန်မာနိုင်ငံ၏ကိုးပတ်တာအာဏာသိမ်းကာလတွင် ဖြစ်ပေါ်လာသည့်အခြေအနေများသည် နိုင်ငံတကာကို ရိုက်ခတ်မှုရှိ လာသည်။ သို့သော် တရုတ်နိုင်ငံထက်ပိုပြီးအထိနာသည့် နိုင်ငံတော့မရှိပေ။ အာရှ၏အင်အားအကြီးဆုံး တရုတ်နိုင်ငံသည် ၎င်းတောင်ဘက်ရှိ အိမ်နီးချင်းနိုင်ငံတွင် မဟာဗျူဟာနှင့် စီးပွားရေးအရ ပတ်သက်ဆက်နွယ်မှုများရှိနေသည်။

ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဘေဂျင်းသည် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာ သည့် အခြေ အနေများကို အကြမ်းဖက်မှုအဖြစ် သိသိသာသာပုံဖော်ခဲ့ပြီး တည်ငြိမ်မှုပြန်လည်ရရှိနိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းမှု များကို ပိတ်ပင်ခဲ့သည်။ ကမောက်ကမနှင့်ပြိုလဲနေသည့်အခြေအနေကိုရှောင်လွှဲရန် တရုတ်ထံတွင် အလေးသာသည့်မက်လုံးများရှိသော်လည်း ပို၍အရေးကြီးသည်မှာ မြန်မာနိုင်ငံအား မပြောပလောက်သည့်အနောက်နိုင်ငံများ၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီစံနှုန်း များဝင်ရောက် လာခြင်းကို ကာကွယ်ရမည့်စစ်မြေပြင်အဖြစ် ရှုမြင်ထားခြင်းဖြစ်သည်။

အကျိုးဆက်အားဖြင့် ဘေကျင်းသည် ရက်စက်ကြမ်းကြုတ်သည့်စစ်အာဏာ ရှင်စနစ်အား သတိထားထောက်ခံမှု နှင့်တရားဝင်မှု ကို ပေးအပ်ကာ ဆက် လက် အားဖြည့်ပေးနေဦးမည်ဖြစ်သည်။ တရုတ်ကျွမ်းကျင်သူများက မြန်မာနိုင်ငံရှိ ဘေဂျင်း၏အဓိကအကျိုးစီးပွားသုံးခုကို အချိန်ကြာမြင့်စွာကတည်းကပင် ထုတ် ဖော်ပြောဆိုခဲ့ကြသည်။ ပထမအချက်မှာ တရုတ် – မြန်မာနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ရေး ကိုထိန်းသိမ်းရန် ဖြစ်သည်။ တရုတ်နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်နှင့် အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းက တရုတ်၏ အမျိုးသားလုံခြုံရေးအကျိုးစီးပွား အပေါ် ရိုက်ခတ်မှုရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

ဒုတိယ အချက်မှာ တရုတ်၏အနောက်တောင်ပိုင်းပြည်နယ်များနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားသည့် မဟာဗျူဟာ မြောက် စီးပွားရေးနှင့်စွမ်းအင်စင်္ကြံစီမံကိန်းအား ကာကွယ်ရန်နှင့် မြင့်တင်ရန် ဖြစ်သည်။ တတိယအချက်မှာ တရုတ်နိုင်ငံ သည် နယ်စပ် ဒေသများရှိ မြန်မာနိုင်ငံ ၏ပဋိပက္ခများတွင် နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက်နိုင်ငံများ၏ ဩဇာ လွှမ်းမိုးမှုကို တားဆီးကာကွယ်ရန်ဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းလိုက်ခြင်းသည် ယင်းရည်မှန်းချက်သုံးခုအပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာစေသည်

=======================

အာဏာာသိမ်းပြီးနောက် ချက်ချင်းဆိုသလိုပင် နယ်စပ်ဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တို့ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့နှင့် တပ်မတော် ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။အဆိုပါမဟာမိတ်အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နှင့်ဖွဲ့စည်းထားသော်လည်း တတိယ မဟာမိတ်ဖြစ်သည့် ရက္ခိုင့် တပ်မတော်(AA)အတွက် အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် ရရှိသည့်အကျိုး အမြတ်မှာ တပ်မတော်နှင့်အပစ် ရပ်စဲပြီးကတည်းက ရရှိထားသည့် ရခိုင်ပြည်နယ်ရှိ ၎င်းတို့၏နယ်မြေကို ခိုင်မာစု စည်းအောင် လုပ်ဆောင်ခွင့် ရလိုက် ခြင်း ဖြစ်သည်။ အခြားလက်နက်ကိုင်အုပ်စုနှစ်ဖွဲ့မှာ အာဏာသိမ်းမှုအလွန်အခင်းအကျင်းသည် မြောက်ပိုင်းတွင် ၎င်းတို့၏ နယ်မြေ ပိုင်ဆိုင်ရေး ရည်မှန်း ချက်များကို အကောင်အထည်ဖော်ရန်လမ်းဖွင့်ပေးလိုက်ခြင်းဖြစ် ကြောင်း မှတ်ယူသည်။ မြန်မာ စစ်တပ်သည် အဆိုပါကြိုးပမ်းမှုများမအောင်မြင်စေရန် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ် လာသည် နှင့်အမျှ မြောက်ပိုင်း တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော်ကလည်း ကချင်ပြည်နယ် မြို့တော်ရှိ ရဲစခန်းများအား တိုက်ခိုက်ခြင်း ဖြင့် ပြန်လည်တိုက် ခိုက်မှုများ စတင်ပြုလုပ်လာသည်။ တရုတ်သည် ကုန်သွယ်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်သူ့အပေါ် မှီခိုအားထားနေရသည့် လက်နက်ကိုင်အဖွဲ့များအား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။ သို့သော် အာဏာသိမ်းမှုကိုတွန်းလှန်သည့် လူထုအား စစ်တပ်က ရက်စက် ကြမ်းကြုတ်စွာနှိမ်နင်းမှုများဖြစ်လာပြီး တိုင်းရင်းသားဒေသများအထိပျံ့နှံ့လာသည့်အခါ မတ်လလယ်တွင် ထိန်းချုပ် မနိုင် သည့် အခြေအနေသို့ရောက်ရှိသွားသည်။၎င်းတို့အခြေစိုက်သည့်ဒေသများတွင် ဖိအားများ သိသိသာသာ မြင့်တက်လာ သည့်အခါ တိုင်းရင်းသားလက်နက်အဖွဲ့များ စစ်ရေးလှုပ်ရှားမှုကိုချဲ့ထွင်လာကြသည်။

တင်းကျပ်လာသည့် တရုတ်နယ်စပ်လုံခြုံရေး

====================

ယခုအခါ တပ်မတော်သည် ကချင်နှင့်ရှမ်းပြည်နယ်တွင်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာသည် နှင့်အမျှ ပဋိပက္ခများသည် နယ်စပ်တစ်လျှောက်သေချာပေါက် ပျံ့နှံ့လာလိမ့်မည်ကို တရုတ်က တွက်ဆပြီးသားဖြစ်သားဖြစ်သည်။ မတ် ၂၉ရက်တွင် တရုတ်တရုတ်အာဏာပိုင်များသည် ကိုဗစ်−နိုင်တီးကပ်ရောဂါ ထိန်းချုပ်ရန်အကြောင်းပြချက်ဖြင့် ယူနန်ပြည်နယ် တောင်ပိုင်းတွင် နယ်စပ်ကို ပိတ်ဆို့ရန်နှင့် လုံခြုံရေးတိုးမြင့်ထားရန် အင်တိုက်အားတိုက်လုပ်ဆောင်တော့သည်။ တရုတ်၏စီးပွားရေးအကျိုးစီးပွားများသည် အာဏာသိမ်းပြီးနောက် အကြီး အကျယ်ခြိမ်းခြောက်မှုများကို ရင်ဆိုင်လာရသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုကိုတရုတ်က လျစ်လျူ ရှုခဲ့ခြင်းကြောင့်ဖြစ်သည်။ အာဏာ သိမ်းပြီးနောက် ချက်ချင်းဆိုသလိုပင် ထောင်နှင့်ချီသောဆန္ဒပြသူများသည် ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် တပ်မတော် အပေါ် ထောက်ခံမှုကို ပြန်လည်ရုပ်သိမ်းပေးရန်တောင်းဆိုခဲ့ကြသည်။ တရုတ်၏“စောင့်ကြည့်” အနေအထားကြောင့် မြန်မာလူထုသည် တရုတ်ရင်းနှီးမြှုပ်နှံ မှုစီမံကိန်းကြီးများကို ပိတ်သိမ်းရန် သို့မဟုတ် ဖျက်ဆီးရန်ပင်ခြိမ်း ခြောက် ခဲ့သည်။ ထိုခြိမ်းခြောက် မှုများသည် မတ်လအစောပိုင်းတွင် လက်တွေ့ဖြစ်လာသည်။ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ရန်ကုန်မြို့ရှိ တရုတ် အထည်ချုပ်စက်ရုံများစွာ လက်သည် မပေါ်ဘဲ ပျက်စီးထိခိုက် မှုများ ဖြစ်ပေါ် ခဲ့ပြီး ဒေါ်လာ ၃၇ သန်းခန့်အရှုံးပေါ်ခဲ့သည်။တစ်ချိန်တည်းမှာပင် မြန်မာလူမျိုးများသည် တရုတ် – မြန်မာပိုက်လိုင်းစီမံကိန်းကို ခြိမ်းခြောက်သည့် အနေဖြင့် ပိုက်လိုင်းများ ပေါက်ကွဲနေသည့်ဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်လာကြသည်။ အဆိုပါ ပိုက်လိုင်းစီမံကိန်းသည် မြန်မာ နိုင်ငံရှိ တရုတ်၏အရေးပါဆုံး စီမံကိန်း ဖြစ်သည်။ တရုတ်၏သဘာ၀ဓာတ်ငွေ့တင်ပို့မှု၏ ၁၃ရာခိုင်နှုန်းရှိပြီး ကူမင်းမြို့ အပြင်ဘက် ရှိ ဒေါ်လာ ဘီလီယံ များစွာတန်ဖိုးရှိသော ရေနံချက်စက်ရုံဆီသို့ ရေနံတင်ပို့ပေးနေသည်။ တပ်မတော်သည် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးနိုင်ကြောင်း တရုတ်အား အာမခံထား သည့်တိုင် အာဏာသိမ်းမှုနောက်ဆက်တွဲ ကသောင်း ကနင်းအခြေအနေများက အမြတ် အစွန်းများသည့် နယ်စပ် ကုန်သွယ်ရေး ကိုအကြီးအကျယ်အနှောင့်အယှက်ပေးခဲ့သည်။ ထို့ပြင် တရုတ်နယ်စပ်နှင့် မန္တလေးမြို့ကို ဆက်သွယ်မည့် ရထား လမ်းစီမံကိန်းလုပ်ငန်းများကို မလုပ်နိုင်သည့်အတွက် မြန်မာနိုင်ငံအောက်ပိုင်းရှိ တရုတ်ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်း များကို လည်း ရပ်ဆိုင်းထားရသည်။

ဒီမိုကရေစီနှင့်လမ်းခွဲခြင်

း===============

တရုတ်သည် ၎င်း၏ရပ်တည်မှုကို ထိန်းညှိခြင်းဖြင့် ရင်ဆိုင်နေရသည့် ဖိအားကိုဖြေလျှော့စေနိုင်သည်။ သို့သော် တရုတ်သည် ဖြုတ်ချခံလိုက်ရသည့် အာဏာရအစိုးရ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ)နှင့် လက်ရှိပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နှင့် မည်သည့် ဆက်သွယ် မှုကိုမျှ မပြုလုပ်သေးပေ။အာဏာသိမ်းပြီးထုတ်ပြန်သည့် တရုတ်၏ကနဦးထုတ်ပြန်ချက်များတွင် အင်န်အယ်လ်ဒီနှင့် CRPH ကိုထည့်သွင်း ဖော်ပြခြင်းပင် မရှိခဲ့ပေ။ ထို့နောက် မတ်၇ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဝမ်ရီ ထုတ်ပြန်လိုက်သည့်အဆိုပြုချက် သုံးချက်တွင် အင်န်အယ်လ်ဒီပါဝင်လာသည်။ သို့တိုင် မတ်လတွင် တရုတ်အစိုးရသည် အင်န်အယ်လ်ဒီ ၏တွေ့ဆုံရန်ကမ်းလှမ်းမှုကို လျစ်လျူရှုခဲ့သည်။ ထို့အတူ CRPH၏ တွေ့ဆုံဆွေးနွေးရေးသဘောဆောင်သည့် ကမ်းလှမ်းချက်ကို လည်းလျစ်လျူ ရှုခဲ့သည်။ CRPHသည် တရုတ်ကု မ္ပဏီတစ်ခုတည်း ကိုရည်ညွှန်းခြင်းမပြုဘဲ စစ်ကောင်စီအား ငွေပေးချေမှု များမပြုလုပ်ရန် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူ များကို စာထုတ်ပြန်ကာ ပွင့်ပွင့် လင်းလင်း တောင်းဆိုခဲ့သည်။ မတ်လနှောင်းပိုင်းတွင် တရုတ်ကစစ်ကောင်စီအတွက် အားကောင်းသည့်ထောက်ခံမှုများ စတင်ပြုလုပ် ပေးခဲ့သည်။ မတ် ၂၂ရက်တွင် တရုတ်နိုင်ငံ၊ကွမ်စီမြို့တွင်ရုရှနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံကာ နိုင်ငံခြား ရေး ဝန်ကြီးနှစ်ဦး၏ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် “နိုင်ငံခြားအင်အားကြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားတို့မြင့်တင်နိုင်ရန် မြန်မာနိုင်ငံ၏ အခြေ အနေအပေါ် အမြတ်ထုတ်မည်ကိုစိုးရိမ်ကြောင်း” ဖော်ပြခဲ့ပြီး ယင်းအခြေအနေကို ကာကွယ်ပေးရမည်ဟုလည်း ပြောကြား ထားသည်။ထို့နောက် ဧပြီ ၃ ရက်နေ့တွင် ဝမ်ရီကကြေငြာချက်အသစ်တစ်ခုထုတ်ပြန်ခဲ့ပြီး အင်န်အယ်လ်ဒီနှင့် တရုတ်နိုင်ငံ ၏ဆက်ဆံရေး ကို လုံး၀ပယ်ဖျက်လိုက်သည်။ အဆိုပါ ကြေငြာချက်တွင် သွေးထွက်သံ ယိုမှုများထပ်မံမဖြစ်ပွားရန်၊ မြန်မာ့အရေးတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ပါ၀င်မှုကို တားဆီးရန်နှင့် နိုင်ငံခြားအင်အားကြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏ တစ်ကိုယ် ကောင်းဆန်သည့် အကျိုးစီးပွား များမြင့်တင်ရန် မြန်မာနိုင်ငံ၏ ပရမ်းပတာအခြေအနေအပေါ် အမြတ် ထုတ်ခြင်းမှ ကာကွယ် ရန်တောင်းဆိုထားသည်။ဤကြေညာချက်တွင် တရုတ်၏အရေးကြီးသည့် အကျိုးစီးပွားများအနက် ဦးစားပေးသည့် အချက်များကို အဆင့်လိုက်ရှင်းလင်းပြတ်သားစွာဖော်ထားသည်။ နိုင်ငံခြားသြဇာလွှမ်းမိုးမှုကို ကန့်သတ်ခြင်းနှင့် ပဋိပက္ခများတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပါဝင်မှုကိုကာကွယ်တားဆီးခြင်းသည် အမြင့်ဆုံးစိုးရိမ်မှု ဖြစ်ပြီး တိုင်းပြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်များ နှင့်ထိတွေ့ဆက်ဆံရန် မလိုအပ်ပေ။ မတ်လနှောင်းပိုင်းတွင်လည်း အမေရိကန်ပြည်ထောင်စု၊ အလာ စကာ မြို့တွင် အဆင့်မြင့်အရာရှိများအစည်းအဝေးမတိုင်ခင် တရုတ်သည် မြန်မာ နိုင်ငံ၏ပဋိပက္ခကို ကြားဝင် ဖျန်ဖြေ ပေးရန် လိုလားကြောင်းအချက်ပြခဲ့သည်။ ရှင်းကျန်း၊တိဘက်နှင့် ဟောင်ကောင်နှင့် ကုန်သွယ်မှုတွင် အထူးလျော့ပေါ့ခံစားခွင့်များကို သေချာခိုင်မာစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန် ပြည်ထောင်စု ဘက်မှ ကြည့်လျှင် ယင်းအခင်းအကျင်းသည် ဒေသတွင်းမဟာမိတ်နိုင်ငံများအတွက် ဒုက္ခကြီးစွာ ရောက်စေသည်။

တပ်မတော်ကိုထောက်ခံကူညီခြင်း

================

တရုတ်နိုင်ငံသည် ရုရှားဘက်သို့ချက်ချင်းဆိုသလို ချဥ်းကပ်လိုက်သည့်နှင့် ရုရှားသည် မတ် ၂၇ ရက်နေ့ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် ၎င်းတို့၏ အဆင့်မြင့်အရာရှိများကို တက်ရောက် စေခြင်းဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ပါဝင်လာခဲ့သည်။

အခမ်းအနားတက်ရောက်မှုသည် တရုတ်နှင့်ရုရှားတို့၏ မြန်မာစစ်တပ်အပေါ် ဆက်လက်အကာအကွယ်ပေးမည့် ၎င်းတို့၏ပြင်းပြသည့် စိတ်ဆန္ဒကို ပြတ် သားထင်ရှားစွာပြသလိုက်ခြင်းဖြစ်သည်။ တရုတ်အကြံပေးအဖွဲ့ Taihe Institute မှထုတ်ဝေသောဆောင်းပါးတစ်ပုဒ်တွင် တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် ဘေဂျင်းကပုံဖော်ထားသည့်ဇာတ်ညွှန်းမှာ− “အကြမ်းမဖက် အာဏဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်)ကို အစိုးရမဟုတ်သည့် အနောက်နိုင်ငံအဖွဲ့အစည်းများက အပြည့်အ၀ ထောက်ပံ့ကူညီနေသည်။ လူထုထောက်ခံမှုတစ်ခဲနက်ရရှိထားသည့် CRPHသည် တရားမဝင် အဖွဲ့အစည်းဖြစ်ပြီး စစ်တပ်နှင့်နှိုင်းယှဥ်ပါက အင်မတန်အင်အားချိနဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ အဖွဲ့၏ ခေါင်းဆောင်များမှာလည်း နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် (စစ်တပ်က) အလိုရှိနေသူ များပင်ဖြစ်သည်” ဟု ဖော်ပြထားသည်။ တရုတ်သည် စစ်ကောင်စီအား စီဒီအမ်လှုပ်ရှားမှုနှင့် အင်န်အယ်လ်ဒီကို အောင်နိုင်သူ အဖြစ်ထွက်ပေါ် လာစေခြင်းဖြင့် မြန်မာနှင့် အနောက်နိုင်ငံများကြားတွင် သပ်သျိုသွေးခွဲနိုင်မည့်စူးတစ်ချောင်းကို နက်နက် ရှိုင်းရှိုင်း ထိုးစိုက်ရန်ရည်ရွယ်သည်။ တစ်ချိန်တည်းမှာပင် တိုင်းရင်းသား လက်နက်ကိုင် အများစုသည် အာဏာသိမ်းမှုကို ငြင်းဆန်ရန်နှင့် ဖိနှိပ်ခံပြည်သူများအား ထောက်ခံရန် ပျက်ကွက်ပါက လူထု၏ အကြီးအကျယ်ဝေဖန်မှုကို ရင်ဆိုင်ရမည်ကို တရုတ်ကနားလည်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများအပြားသည် တရုတ်နိုင်ငံ အပေါ် မှီခိုနေရခြင်းကို ကြည့်ခြင်းအားဖြင့် ဘေဂျင်းသည် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ရန် စိတ်မကူးပေ။ ထိုအချက်သည် အင်အားချိနဲ့နေသည့် စစ်ကောင်စီနှင့်အနာဂတ်ညှိနှိုင်းမှုများတွင် တရုတ်အတွက် အမြတ်ထွက်နိုင်သည်။ ဧပြီ ၃ရက်နေ့က တရုတ်က ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)ထံ ပေးပို့သည့် သတိပေးချက်တွင် ၎င်း၏သြဇာခံနယ်ပယ်အတွင်းရှိ မည်သည့်လက်နက်ကိုင်အဖွဲ့မဆို CRPH သို့မဟုတ် တရုတ်လုံခြုံရေးနယ်နိမိတ်ပြင်ပရှိ အခြားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မလိုလားကြောင်း ရှင်းလင်းစွာဖော်ပြခဲ့သည်။ ထိုသို့ဖြင့် တရုတ်လုပ်ဆောင်ချက်များသည် ပဋိပက္ခလမ်းကြောင်းများ၏လားရာကို ထိန်းညှိရာတွင် ကြီးမား သည့်အစိတ်အပိုင်းဖြစ်လာပြီး ဖြစ်နိုင်ချေရှိသည့် မဟာမိတ်စုဖွဲ့မှုကိုပုံဖော်ခြင်းနှင့် ကျင်းပနေဆဲ ပြိုင်ပွဲတစ်ခုတွင် အနိုင်ရချေရှိသူများကို ရွေးချယ်သူဖြစ်လာသည်။

မှားယွင်းသော တွက်ကိန်း

================

မြန်မာပြည်၏အခြေအနေများအပေါ် တရုတ်၏လေ့လာဆန်းစစ်မှုတွင် အဓိကအားနည်းချက်မှာ စီဲဒီအမ်လှုပ်ရှားမှုနှင့် CRPHတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိခြင်း သို့မဟုတ် နိုင်ငံတကာ၏ ကူညီ ထောက်ခံမှုမရပါက ကျဆုံးသွားနိုင်ခြင်းဆိုသည့်ကောက်ချက်ချမှုဖြစ်သည်။ တပ်မတော်သည်သေစေလောက်သည့်အကြမ်းဖက်မှုများကို တစ်နိုင်ငံလုံးတွင် အင်တိုက်အားတိုက် လုပ်ဆောင် နေသည့်တိုင် စီဒီအမ်လှုပ်ရှားမှုသည် အား ကောင်းခိုင်မာနေဆဲဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် များ၏ ထောက်ခံအားပေးမှုကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထုတ်ပြန်လိုက်ခြင်းသည် တိုင်းရင်းသားလူမျိုးစုများအပါအဝင်လူထု၏ ထောက်ခံမှုကို ပိုမိုမြင့် တက်စေ သည်။ ထို့အပြင်ပထမဆုံးအကြိမ်အဖြစ် တပ်မတော်ကိုဆန့်ကျင်သည့် တိုင်းရင်းသားလူမျိုးစုများ အားလုံး ကို တစ်စုတစ်စည်းတည်းဖြစ်စေခဲ့သည်။

တရုတ်၏၀င်ရောက်မစွက်ဖက်ရေးမူဝါဒကို သေနတ်ကိုင်ထားသည့် စစ်ကောင်စီက အသိအမှတ်ပြုခဲ့သည်။ ယင်းသေနတ်သည် အာဏာဆုပ်ကိုင်ရေးနှင့် ရာထူးနှင့် စည်းကမ်း ထိန်းသိမ်း ရေးအတွက် တပ်မတော်၏တစ်ခုတည်းသော အားထားရာဖြစ်သည်။ မြန်မာနိုင်ငံသည် အနောက်တိုင်းတန်ဖိုးများနှင့် သြဇာလွှမ်းမိုးမှုကို ထိန်းသိမ်းထားသည့် စစ်မြေပြင် အဖြစ် ရှုမြင်ခြင်းဖြင့် တရုတ်သည် မြန်မာပြည်သူလူထုနှင့် ၎င်းတို့ကိုမှီခိုနေရသည့် တိုင်းရင်းသား လက် နက်ကိုင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ထောက်ခံမှုများကို တဖြည်းဖြည်း ဆုံးရှုံး လာနေသည်။

တရုတ်၏ရပ်တည်ချက်သည် အချိန်ကြာမြင့်ပြီး အလွန်ပြင်းထန်ဆိုးရွားသည့် သွေးမြေကျ စေမည့် စစ်ပွဲများအတွက် အခင်းအကျင်းတစ်ခု ဖန်တီးလိုက်ခြင်းဖြစ်သည်။ မြန်မာ ပြည်သူ လူထု၊အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နှင့် အမေရိကန်ပြည်ထောင်စု၏ ဆန္ဒသဘောထား နှင့် ဆန့်ကျင်ဘက်လည်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံကို အနီးကပ်စောင့်ကြည်ရန်လိုအပ်နေပြီး အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများကို ဦးတည် စေမည့် မြန်မာနိုင်ငံရှိ ၎င်း၏အကျိုးစီးပွားနှင့်ဆက်နွယ်သည့် ဘေဂျင်း၏ကျဉ်းမြောင်းသောအမြင်အား ကာကွယ်ရန် ပိုမိုအားကောင်းသည့် နည်းဗျူဟာများကို ရှာဖွေရန်လိုအပ်နေသည်။

အမေရိကန်ပြည်ထောင်စုနှင့် အာရှရှိ၎င်း၏မဟာမိတ်များ၊ အထူးသဖြင့် တရုတ်အားတန်ပြန်ရည် ရည် ရွယ်ဖွဲ့ စည်းထားသည့် အမေရိကန်၊ ဂျပန်၊ သြစတြေးလျနှင့်အိန္ဒိယတို့ပါဝင်သည့် Quad သည် သက် ဆိုင်ရာ အရှေ့တောင်အာရှနိုင်ငံများအား တပ်မတော်၏အကြမ်းဖက်မှုကို တွန်းလှန်နိုင်မည့် လှုပ်ရှားမှု ပုံစံသစ်တစ်ခုကို လုပ်ဆောင်နိုင်ရန် အားသွန်ခွန်စိုက်ပံ့ပိုးပေးသင့်သည်။ ဤအတောအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များက ရုရှားနှင့်တရုတ်တို့အား ပိုမို ပြင်းထန်သည့် အရေးယူမှုပြုရန် စဉ်းစားသင့်သည်။ အဆိုပါ နှစ်နိုင်ငံစလုံးသည် ပြန် လည် တည်ငြိမ် စေမည့် နည်းလမ်းများကိုဖယ်ရှားရန်နှင့် ၎င်းတို့ခေါ်ဆိုသည့် မြန်မာနိုင်ငံရှိ အနောက် တိုင်းသြဇာ လွှမ်းမိုးမှု ပပျောက်ရေးအတွက် ဒေသတွင်းအကျပ်အတည်းများကို ဖန်တီးရန် စိတ်ပိုင်း ဖြတ်ထား သူများပင်ဖြစ်သည်။

(ဧပြီလ ၇ ရက်နေ့ USIP တွင်ဖော်ပြခဲ့သည့် Jason Tower ၏ China’s High-Stakes Calculations in Myanmar ဆောင်းပါးအား လက်ရှိအခြေအနေများနှင့်ထင်ဟက်နေဆဲဖြစ်သောကြောင့် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article