39 C
Yangon

ငွေတောင်ဆည်အနီးတိုက်ပွဲတွင် ဒဏ်ရာရ ရဲဘော် ၂ ဦးကို သွားရောက်ကယ်ဆယ်သည့် ဒီးမော့ဆို PDF ရဲဘော် အယ်လ်ဖောင်းရှို ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ရွှေယောက်ရပ်ကွက်တွင် ယမန်နေ့ ဇန်နဝါရီလ မွန်းလွဲ ၂ နာရီခွဲတွင် စစ်ကောင်စီတပ်နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် ဒဏ်ရာရရဲဘော် ၂ ဦးကို သွားရောက်ကယ်ဆယ်သည့် ဒီးမော့ဆို PDF မောင်အယ်လ်ဖောင်းရှိုသည် မွန်းလွဲ ၃ နာရီခန့်တွင် ကျဆုံးသွားခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရဲဘော် ၂ ဦးကို သွားရောက်ကယ်ဆယ်ရင်း ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သော ရဲဘော် မောင်အယ်လ်ဖောင်းရှိုကို ပြည်သူ့သူရဲကောင်းအဖြစ်မှတ်တမ်းတင်ကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article