36 C
Yangon

တောင်ကြီးမြို့တွင် မင်းအောင်လှိုင်ကို ဆဲဆိုထားသည့် ပိုစတာကို စစ်တပ်က လာဖြုတ်စဉ် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်မြို့နယ်၊ တောင်ကြီးမြို့၊ မြကန်သာအနီးတွင် မင်းအောင်လှိုင်ကို ဆဲဆိုထားသည့် ပိုစတာ ကပ်ထားသည်ကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်က လာဖြုတ်စဉ် ဗုံးပေါက်ကွဲပြီး စစ်သား ၅ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ယနေ့နံနက်ပိုင်း တောင်ကြီး Local PDF တပ်ဖွဲ့က တောင်ကြီး၊ မြကန်သာအနီးတွင် သတိပေးစာတန်း သွားကပ်ပေးခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်  စစ်ကောင်စီတပ်များက သတိပေးစာကိုသွားရောက်ဖြုတ်ရာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲသည့်နေရာတွင် စစ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊  ထိခိုက်ဒဏ်ရာရရှိသူ စစ်သား ၅ ဦးအနက်မှ  ၂ ဦးကို ကားပေါ်သို့ ပွေ့ခေါ်သွားရကြောင်း ဒေသခံများက ပြောဆိုသည်။ 

လက်ရှိတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနားရှိ CCTV မှတ်တမ်းများကို စစ်တပ်က အတင်းအဓမ္မလိုက်လံတောင်းခံလျက်ရှိကြောင်း၊ လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article