25 C
Yangon

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ် လျှပ်စစ်ရုံး ဗုံးခွဲခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

ရန်ကုန်မြို့လယ်ခေါင်၊ ကုန်သည်လမ်းပေါ်ရှိ  ကျောက်တံတားမြို့နယ် လျှပ်စစ်မန်နေဂျာရုံး ယနေ့ နံနက်ပိုင်းတွင် ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၄ မိနစ်အချိန် ပြည်သူများထံမှ လျှပ်စစ်မီတာခများ အတင်းအကျပ်တောင်းခံနေသော စစ်ကောင်စီ၏ ယန္တရားတစ်ခုဖြစ်သည့် ကျောက်တံတားမြို့နယ် လျှပ်စစ်မီတာရုံးကို ပြည်သူ့ကာကွယ်ရေး မြို့ပြပျောက်ကျားတပ်ဖွဲ့ (YGN) Dark Shadow က ဖောက်ခွဲလိုက်ကြောင်း အဆိုပါအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။ 

“လာမယ့် ကာလများတွင် စစ်ကောင်စီလက်အောက်ခံ ဒေါက်တိုင်တွေနဲ့ ဒလန်တွေကို ရှင်းလင်းသုတ်သင်သွားမှာဖြစ်လို့  ပြည်သူတွေအနေနဲ့ လူသတ်စစ်ကောင်စီကို ကျည်ဆံဖိုးမထောက်ပံ့ကြဖို့နဲ့  တရားဝင်ဒီမိုကရေစီအစိုးရကျမှသာပြန်လည်ပေးသွင်းပေးကြဖို့ န်မေတ္တာရပ်ခံအပ်ပါတယ်” ဟု  DKS (YGN) အဖွဲ့ဝင်တစ်ဦးက ဆိုပါသည်။ 

ယနေ့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု ရှိ၊ မရှိ ကို မသိရသေးပေ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article