25 C
Yangon

ဖားကန့်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ခိုပ်ရေးမှူး ၂ ဦးကို မနေ့က ဇန်နဝါရီလ ၁၅ရက်နေ့ နံနက်ပိုင်း ၁၀နာရီခွဲအချိန် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံတွေဆီကသိရပါတယ် ။

ပစ်သတ်ခံရသည့် အမျိုးသားနှစ်ဦးမှာ ဆိပ်မူကျေးရွာက အသက် ၅၀ နှစ်အရွယ်ရှိ T -Family ဆိုင်ပိုင်ရှင်လည်းဖြစ် ၊ ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးတန်ဘောင်လဆိုင်း နဲ့ ဖားကန့်မြို့ရှိ ကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်အောင်တို့ ဖြစ်တယ်လို့ သိရပါတယ် ။ 

သူတို့နှစ်ဦးဟာ လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေစဉ် အမည်မသိသေနတ်သမားတွေက ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ် ။

 ဦးတန်ဘောင်လဆိုင်းဟာ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးအဖွဲ့က ဥရုချောင်းနဘေးတွင် ဆောက်လုပ်နေသည့် အစိုးရ ဝန်ထမ်းများ နားနေဆောင်အဆောက်အဦး ဆောက်လုပ်နေသည့် လုပ်ငန်းခွင်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ၊ ဦးထွန်းမြင့်အောင်ကတော့  ဖားကန့်မြို့နမ္မဖြစ်ကျေးရွာအုပ်စု ထွယ်ဆန်ယန် ချောင်းအတွင်းမှာ လက်ပြန်ကြိုးတုတ် သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ခေတ်သစ်ကို ပြောပါတယ် ။ 

 ဦးတန်ဘောင်လဆိုင်းက ဦးသိန်းစိန် ဒီမိုကရေစီအစိုးရလက်ထက်ကနေ NLD အစိုးရလက်ထက်အထိ ရပ်မိရပ်ဖဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတက်လာပြီးနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့မှာ ခန့်အပ်ခြင်းခံရပြီးနောက် ခုလို သေနတ်နဲ့ပစ်သတ်ခံရတာ ဖြစ်ပါတယ် ။ 

 “သူနဲ့ဦးဆွဲအင်ဆိန်ဂီက အရင်ကရပ်မိရပ်ဖဆိုပြီး နေရာတကာမှာ လိုက်ပြီးဗိုလ်ကျတာတွေက တော် တော်နာမည်ကြီးနေတာကြာပြီ ၊ သူ့ကိုယ်သူ ကေအိုင်ပိုင်တာလိုလို ၊ အစိုးရစစ်တပ်ကိုပဲ ပိုင်တာလိုလိုနဲ့ လုပ်စားတာ ကြာပြီ ” လို့ ဒေသခံတဦးက ပြောပါတယ် ။

သေဆုံးသွားသည့် တန်ဘောင်လဆိုင်း၏ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ၆ချက်ဖြင့်ထိမှန်ကာ သေ ဆုံးသွားပြီး မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သွားသည်ကို အသေးစိတ်မသိရဘူးဟု သူက ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article