31.3 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: January, 2022

ပြည်သူလူထု၏ ပြင်းထန်သော ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆  ပြည်သူလူထု၏ ပြင်းထန်သော ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ခံရရှိသည်။

ပုလဲတွင် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး “အာဏာရူး စစ်ကောင်စီ နေဝင်ချိန်ရောက်ပြီ” စာတန်းကိုင်ဆောင်ကာ ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ပုလဲတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး "အာဏာရူးစစ်ကောင်စီ နေဝင်ချိန်ရောက်ပြီ" စာတန်းကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး မုံရွာ အရှေ့ပိုင်း ခရိုင် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မုံရွာတွင် အရှေ့ပိုင်းခရိုင် သပိတ်စစ်ကြောင်းနှင့် အထက မလဲသာ ကျောင်းသားများ သမဂ္ဂတို့ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၊ ရွာစိုးရွာနှင့် ပေါက်ချိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် အနီးအနားရှိ ကျေးရွာ ၂ဝမှ ပြည်သူများ ထွက်ပြေးနေရ 

ရန်ကုန်၊ ဇန်နဝါရီ ၂၆  စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ရွာစိုးရွာနှင့် ပေါက်ချိုင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၂၄ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးပြီးနောက် အနီးအနားရှိ ကျေးရွာ ၂ဝက ဒေသခံပြည်သူများလည်း ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း...

မင်းတပ်မြို့နယ်အတွင်းရှိ NON CDM ၀န်ထမ်းများ CDM ဝင်ရန်နှင့်စာရင်းပေးရန် သတိပေး၊ CDM မလုပ်ရန် ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအနေဖြင့်   ၂ ပတ်အတွင်း CDM ဝင်ရန်နှင့် စာရင်းပေးရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။  Non CDM ဝန်ထမ်းများ CDM မလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း တရားဝင် သတိပေးချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

မုံရွာ-အမြင့်လမ်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  မုံရွာ-အမြင့်လမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး "ပြည်တော်ဝင်ဖို့ ရုန်းကြစို့" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အရာတော်တွင် အသက် ၁ဝနှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးကို PDF ဟု စွတ်စွဲကာ စစ်တပ်က ပစ်သတ် 

ရန်ကုန်၊ ဇန်နဝါရီ ၂၆ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဘော်ကုန်းကျေးရွာအနီးတွင် ယာခင်းစိုက်ပျိုးရေး လုပ်ကိုင်နေသော ကိုဆန်းလင်း အသက်(၃၇)နှစ်၊ မောင်ကလား အသက်(၁၀)နှစ်၊ အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူ တစ်ဦးဖြစ်သည့် ဦးဖိုးသောင်း အသက်(၆၀)နှစ်တို့ကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်...

၂၀၂၁ ခုနှစ်အတွင်း ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲ ၁၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၂၉ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၈ လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပေါင်း ၁၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀၂၉ ဦးသေဆုံးကြောင်း၊ ချင်းတပ်ဖွဲ့ဝင် ၅၈ ဦး ကျဆုံးခဲ့ကြောင်း ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ Chinland...

Latest news

- Advertisement -spot_img