33 C
Yangon

ရန်ကုန်၊ တောင်ဥက္ကလာနှင့် မြောက်ဒဂုံရှိ လက်နက်သိုလှောင်ရုံ ၂ ခု ကို စစ်တပ်က GPS သုံး၍ ဝင်ဖမ်း၊ ရဲဘော်များ သတိပြုကြရန် နှိုးဆော်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ဒီကနေ့ ရန်ကုန်မြို့ တောင်ဥက္ကလာနှင့် မြောက်ဒဂုံဖက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်သိုလှောင်ရုံ၂ခုကိုအကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပါတယ်။အဲ့ဒိလိုစီးနင်းရာမှာ အကြမ်းဖက်စစ်တပ်က နေရာအချက်ပြ GPSကိုသုံးပြီးစီးနင်းခဲ့တာလို့သိရပါတယ်။အရင်ကတော့ဖမ်းမိတဲ့သူတွေကို ဖုန်းဆက်ပြီးချိန်းဆိုခိုင်းတာလုပ်တာတွေက မအောင်မြင်တော့ အခုလူမသိ သူမသိဖမ်းဆီပြီးသားသူတွေကို လက်နက်ပေးခိုင်းပြီး အဲ့ဒီလက်နက်တွေထဲ အကြမ်းဖက်စစ်တပ်က နေရာအချက်ပြ GPSကိုထည့်ပေးလိုက်တာကြောင့်အခုလိုဝင်ရောက်စီးနင်းခံရတာလို့ ရန်ကုန်မြို့ကတော်လှန်ရေးအင်အားစုကပြောပါတယ်။အဲ့ဒိလိုဝင်ရောက်စီးနင်းမှုကြောင့် 40mmဗုံးပစ်လောင်ချာ(၂)လက်၊40mmဗုံးသီးများ၊လက်ပစ်ဗုံး၊ကျည်ဆန်အချိုတို့နှင့်အတူ လူ၁ဦးဖမ်းဆီးခံရတယ်လို့သိရပါတယ်။မြောက်ဒဂုံကလက်နက်သိုလှောင်ရုံဖမ်းစီးခံရတဲ့အခြေနေကိုတော့အသေစိပ်မသိရှိရသေးကြောင်းဆက်လက်ပြောဆိုပါတယ်။တော်လှန်ရေးရဲဘော်တွေကိုသတိပြုမိအောင်လို့ အခုလိုအခြေနေကိုထုတ်ဖော်ပြောကြားရတာလို့ ရန်ကုန်မြို့ကတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article