33 C
Yangon

ခင်ဦးမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် စစ်တပ်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၆၀ အရွယ် ဒေါ်အေးစိန် ပွဲချင်းပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၆၀ နှစ်အရွယ် ဒေါ်အေးစိန်ပွဲချင်းပြီး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန် ခင်ဦးမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းသို့ ရွှေဘို လေ့ကျင်ရေး အမှတ် ၈ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် လက်နက်ကြီး ၂ လုံးသည် ရွှေပြည်သာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ နှစ်အရွယ် ဒေါ်အေးစိန် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ရွှေဘိုလေ့ကျင့်ရေးတပ်ကနေ အမြဲတမ်း ခင်ဦးဘက်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိတယ်။ မနေ့ညနေ ၆ နာရီက လက်နက်ကြီးကျည် ၂ လုံးက ခင်ဦး၊ ရွှေပြည်သာကျေးရွာထဲကျရောက်တာမှာ အသက် ၆၀ နှစ်အရွယ် ဒေါ်အေးစိန် လက်နက် ထိမှန်သေဆုံးပါတယ်။ ပွဲချင်းပြီး ဆုံးတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးမှု လျော့နည်းနေသော်လည်း စစ်ကောင်စီတပ်များက ယာယီစခန်းများဖြင့် အထိုင်ချ တပ်စွဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများနှင့် လမ်းမကြီးများကို ပိတ်ဆို့ပြီး ဖြတ်လေးဖြတ် စနစ်ဖြင့် ကျေးရွာများကို ရိက္ခာနှင့် ငွေကြေး မရှာဖွေနိုင်ရန် ပိတ်ဆို့ဖြတ်တောက်ထားခြင်းများ လုပ်ဆောင်နေ ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်တပ်၏ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article