29 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချဖို့ ကြံစည်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ လယ်/ဆည်ဝန်ကြီးဟောင်း ဗိုလ်ချုပ် မြင့်လှိုင်ဆီကနေ ရိုင်ဖယ်မောင်းပြန်သေနတ်၊ ပစ္စတိုသေနတ်နဲ့ ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိထားတဲ့အတွက် စစ်တပ်အရာရှိတချို့နဲ့ ဗိုလ်ချုပ်ဟောင်းတချို့ ပါ စစ်ဆေးမေးမြန်းခံနေရတယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခတပ်ထဲကို ရော့ဂတ်ဒုံး အလုံး ၂၀ အပြင် ဒရုန်းတွေနဲ့ပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်က တိုင်းအဆင့် အရာရှိ ၂ ဦးအပါအဝင် သေတဲ့သူတွေတော်တော်များတယ်လို့ ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်နီပြည်နယ်က ဖားဆောင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ဖို့အတွက် အကြမ်း ဖက် စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းတစ်ခုသာ ကျန်တော့ပြီး ၊ စစ်တပ်ဘက်ကလည်း အသည်း အသန် ခုံခံနေတဲ့အတွက် ဆက်လက်တိုက်ပွဲပြင်းထန်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article