33 C
Yangon

သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး နေဗီကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူနေ

Must read

ရန်ကုန်၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီး AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး နေဗီကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်က စတင်ကာ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီး AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး ပေါက်ကွဲများ အဆက်မပြတ် ထွက်ပေါ်နေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ နေဗီကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူနေကြောင်း သိရသည်။

“သံတွဲ-တောင်ကုတ် နယ်စပ် သံတွဲမြို့နဲ့ မိုင် ၂ဝ အကွာ သူဌေးရေအား လျှပ်စစ်စီမံကိန်းရှိရာနေရာမှာ မနက် ၉ နာရီတည်းက တိုက်ပွဲပြင်းထန်နေတာ လက်နက်ကြီး ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရတယ်။ အခုအချိန်အထိ သေနတ်သံတေ ဆူညံနေတယ်။ စစ်ခွေး ရေတပ်ကလည်း လက်နက်ကြီး ပစ်ကူပေးနေတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် သူဌေးရေအား လျှပ်စစ် စီမံကိန်းရှိရာ နေရာတွင် ပြီးခဲ့သည့် တစ်လကျော်ကစတင်၍ စီမံကိန်း ဧရိယာအတွင်း လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲနေရာယူထားခြင်းကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article