35 C
Yangon

ကွတ်ခိုင်ရှိ စစ်ကောင်စီဗျူဟာကုန်း တိုက်ခိုက်ခံရ၊ နမ့်ခမ်းရှိ စစ်ကောင်စီစခန်းကုန်းကိုလည်း KIA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁

မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်နှင့် နမ့်ခမ်းမြို့များရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ ခလရ ၄၅ အခြေစိုက်ရာ ဗျူဟာကုန်းကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကို ကွတ်ခိုင်မြို့ပေါ်မှ ကျယ်လောက်စွာကြားနေရကြောင်း သိရှိရသည်။

အဆိုပါ ကွတ်ခိုင်ဗျူဟာကို တအာင်း TNLA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုကြပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီ၏ စခန်းသစ် စခန်းကုန်းကို KIA က နံနက် ၈ နာရီဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီက ပြန်လည်ပစ်ခတ်သော လက်နက်ကြီးကျည်ဆံများသည် နမ့်ဟွမ်ရွာနှင့် ကောင်းခေးရွာများအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများ ထိခိုက်မှုရှိမရှိ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

နာရီဝက်ကျော်ကြာ ပစ်ခတ်သံများကြားရပြီး ၈ နာရီ ၅၀ မိနစ်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်ဖွဲ့က ပြန်လည် ဆုတ်ခွာသွားသည်ဟု ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင်လည်း လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article