26 C
Yangon

လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘော်လခဲလမ်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားမည်ဟု KNDF သတိပေး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁

ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘော်လခဲ ဆက်သွယ်ထားသော ကားလမ်းကို ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတိပေးထုတ်ပြန်သည်။

ယနေ့မှစ၍ အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလာခွင့်နှင့် ကုန်စည်များသယ်ဆောင်ခွင့်ကို ရက်အကန့်အသတ်ပိတ်မည်ဖြစ်ပြီး ကျန်းမာရေးကိစ္စကဲ့သို့ အရေးပေါ်ကိစ္စမျိုးကိုသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု KNDF က ဆိုသည်။

အဆိုပါလမ်းပိုင်းကို ဇန်နဝါရီလ ၃ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၃ ရက်နေ့အထိ သွားလာခွင့်ပြုထားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့များကြား စစ်ရေးအခြေအနေအရ ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားခြင်းဖြစ်ကြောင်း KNDF ထံမှ သိရှိရသည်။

အကြမ်းစစ်ကောင်စီတပ်သည် ယခင်ရက်များတွင် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းနှင့် ဆီဆိုင်-လွိုင်ကော်လမ်းများမှတဆင့် စစ်သည်အင်အား အမြောက်အများကို စစ်ကားများဖြင့် ပို့ဆောင်ခဲ့ပြီး ကရင်နီတပ်ဖွဲ့များက ဖယ်ခုံမြို့နယ်အနီးနှင့် ကုန်းဆွတ်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

တိုက်ပွဲများပြင်းထန်နေသော ရှမ်း-ကရင်နီအစပ် ဖယ်ခုံနှင့် လွိုင်ကော်၊ နမ်းမယ်ခုံ၊ ဒီးမော့ဆိုမြို့များကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဓါတ်ပုံ – ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article