38 C
Yangon

တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ပစ်ခတ်၍ တပ်ထောက်ခံသူ ၂ ဦး သေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ရမ်းကားပစ်ခတ်သဖြင့် တပ်ထောက်ခံသူ ၂ ဦး သေဆုံး‌ပြီး လူ ၃၀ ကျော်ဒဏ်ရာရရှိကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။”ကျည်ထိပြီး ဆုံးတာက လူအုပ်ထဲက သူတို့လူတွေ သေတာ ။ ၃၀ ကျော်ဒဏ်ရာရတာက လမ်းသွားလမ်းလာတွေရော စစ်တပ်ထောက်ခံပွဲက လူတွေရော ဖြစ်တာ။ ပစ်တာက အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူနေတဲ့ စစ်တပ်က ပစ်တာ။ အခုတော့ တစ်မြို့လုံး အပြင်မထွက်ရဲကြဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်က အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် နှင့်ရဲတို့က ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် ပြည်သူ ထိခိုက်/သေဆုံးမှုများရှိကြောင်း၊ အပြင်ထွက်လာသည့် လူငယ်မှန်သမှန်ကို ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်/သေဆုံးသူများကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း၊ ထိခိုက် သေဆုံးမှု အရေအတွက် မသိရသေးကြောင်း မြို့ခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article