25 C
Yangon

ထန်တလန်မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ၊ သထုံမြို့နယ်အတွင်း ၁ နှစ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီမှ ၄၇ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CNA၊ CDF ထန်တလန်ကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီတက်မှ လက်နက်ကြီးပစ်ခတ်ခြင်းများ၊ drone ဖြင့် ဗုံးကျဲခြင်းများကြောင့် တိုက်ပွဲစတင်ဖြစ်ပွားပြီး CNA၊ CDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည်များထိမှန်ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း CDF Thantlang က သတင်းထုတ်ပြန်သည်။

အလားတူ မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ်စစ်တပ်က မတရားအာဏာသိမ်းပြီး ၁ နှစ်အတွင်း သထုံပြည်သူ့ပြောက်ကျားများအဖွဲ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့်ပူးပေါင်းကာ တိုက်ပွဲပေါင်း ၂၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၄၇ ဦး သေဆုံးကာ ၂၃ ဦး ဒဏ်ရာရကြောင်း၊ ပြည်သူ့ပြောက်ကျား ၂ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

TPG နှင့် KNLA ပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲ ၂၀ ကျော်၊ အခြားတိုက်ခိုက်မှု ၉ ခုနှင့် မင်းအောင်လှိုင်မိသားစုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ၁ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးစာရင်းမှာ အတည်ပြုရရှိသလောက်သာဖြစ်ပြီး ဒီထက်ပိုများနိုင်ကြောင်း၊ ပစ္စတို သေနတ် ၁ လက်သိမ်းဆည်းရမိခဲ့ကြောင်း Thaton People’s Guerillas – သထုံပြည်သူ့ပြောက်ကျားများ အဖွဲ့က သတင်းထုတ်ပြန်သည်။

TPG ရဲဘော်မှန်ကြီးနှင့် ရဲဘော်နေညိုအောင် တို့ ၂ ဦး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင် ချေမှုန်းရေးတိုက်ပွဲများအတွင်း အသက်ပေးလှူသွားခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – CDF Thantlang တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article