26 C
Yangon

သန်လျင်မြို့နယ်တွင် အရက်မူးနေသော စစ်သားများက အပြစ်မဲ့ ပြည်သူ အသက် ၃၂ နှစ်အရွယ် ကိုဇော်နိုင်ကို အကြောင်းမဲ့ ရမ်းကားပစ်ခတ် သတ်ဖြတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဗဟိုကျောင်းရှေ့တွင် အရက်မူးနေသောစစ်သားများက အပြစ်မဲ့ ပြည်သူ တစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် ကိုဇော်နိုင်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်Thanlyin Infromation က ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈နာရီ၁၀မိနစ်အချိန် သန်လျင်မြို့နယ်၊ သိမ်ကျောင်းလမ်း၊ဗဟိုကျောင်းအရှေ့အနီးတွင် စစ်ဆေးနေသော စစ်ကောင်စီတပ်က သန်လျင်စျေးနာရီစင်မှ တစ်ဦးတည်းဆ်ိုင်ကယ်မောင်းနှင်းလာသော ကိုဇော်နိုင်ကို သေနတ်ဖြင့် ၇ချက်ခန့်ပစ်ခတ်ခဲ့ရာမှ ဗိုက်တစ်ချက်၊နားထင်ကိုတစ်ချက်ထိမှန်ပြီးပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“စစ်သားတွေက ရေတပ်က ။ မူးနေကြတယ်။ တချို့ ဆိုင်ကယ်စီးလာတဲ့သူတွေကို အင်္ကျီတွေပါ ချွတ်ခိုင်းတာ။ ကိုဇော်နိုင်က သူ့ဟာသူ ဆိုင်ကယ်စီးလာတာကို လှမ်းပစ်တာ။ ပစ်ပြီးတော့ အလောင်းကို သန်လျင်ဆေးရုံယူသွားတယ်။ အဲဒီနားတစ်၀ိုင်မှာ သူတို့ ပစ်ထားတဲ့ ကျည်ကို အသည်းအသန်ရှာကြတယ်။ သေဆုံး သူက ကိုဇော်နိုင် ၊ အသက် ၃၂နှစ် မြို့သစ်အလယ်ရပ်ကွက်၊ဟံသာဝတီလမ်းမှာနေတာပါ”ဟု ဒေသခံတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article