25 C
Yangon

အကြမ်းဖက် စစ်ကောင်စီထောက်တိုင် မြင်းမူမြို့အဝင်ဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဖောက်ခွဲ တိုက်ခိုက်၊ ပျူစောထီးစခန်းကိုလည်း စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင် တိုးလ်ဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပြီး ယမန်နေ့ ဖေဖေါ်ဝါရီလ ၁ ရက် ညသန်းခေါင်တွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို People’s Defence Force Myinmu (MMUPDF) မှဦးဆောင်၍ Black Eagle Defence Force -MMU၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ MyinMU Defence Force၊ မြောင်မြို့နယ် ပြည်သု့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု MMUPDF က သတင်းထုတ်ပြန်သည်။အလားတူ ဖေဖော်ဝါရီလ ၁ ရက် နေ့လယ်တွင် GTR MMU၊ MMDF-ZERO ပြောက်ကျားတပ်ဖွဲ့၊ MMU BTKနှင့် Ngazun`s Heroes – Ngazun FIGHT STAR တပ်ဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီလက်ပါးစေ ပျူစောထီးသင်တန်းစခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။တိုက်ခိုက်စဉ် ပျူစောထီးအဖွဲ့ဝင်အချို့သည် ဒဏ်ရာများဖြင့် ကိုယ်လွတ်ရုန်းပြေးသွားကြောင်း၊ ပျူစောထီးများထံ လှူထားသော အလှူရှင်စာရင်းများနှင့် စာရွက်စာတမ်းများကို သိမ်းဆည်းကာ စခန်းကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း GTR မြင်းမူအဖွဲ့က ထုတ်ပြန်ထားသည်။



- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article