25 C
Yangon

မတူပီ-မင်းတပ် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို CDF မင်းတပ်က ခြုံခိုတိုက်ခိုက်ပြီး စစ်သား ၆ဦးထက်မနည်း သေဆုံးကာ MA 3 သေနတ် တစ်လက် သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ချင်းပြည်နယ်၊မတူပီ-မင်းတပ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ စစ် ကြောင်းများကို CDF မင်းတပ်က လမ်းတလျောက် ဆက်တိုက် တိုက် ခိုက် လျက်ရှိပြီး ယနေ့ ဖေဖော်ဝါရီလ ၂ရက်နေ့ တိုက်ပွဲတွင် စစ်သား ၆ ဦး ထက် မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ” ဒီနေ့ မိုင်တိုင် ၃၂ မှာ နံနက် ၈နာရီမှာ တစ်ကြိမ် တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီ ၃ယောက်လောက် အကျအဆုံးရှိတယ်။ ပြီးတော့ ညနေ ၄နာရီ ၃ဝ မိနစ်လောက်မှာ မိုင်တိုင် ၃ဝမှာပဲ တိုက်ပွဲပြန်ဖြစ်တယ်။ အဲမှာလည်း စစ် ကောင် စီ ၃ယောက်လောက် ကျတယ်။ တိုက်ပွဲမှာ စစ်ကောင်စီ လက်နက် တစ် လက်တော့ သိမ်းဆည်းရမိတယ်။ MA 3 သေနတ်ပေါ့။ စစ်ကောင် စီ တပ် ဖွဲ့တွေ ထိခိုက် ဒဏ်ရာရရှိသူလည်း များတယ်” ဟု မင်းတပ် CDF ပြော ရေး ဆိုခွင့်ရှိသူ ကိုယောမန်က ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် မတူပီမှ မင်းတပ်ကို ထွက် ခွာလာခြင်းဖြစ်ပြီး လမ်းတစ်လျောက် ဆက်တိုက် တိုက်ခိုက်ခံနေရကာ ထိခိုက် ဒဏ်ရာရရှိသူများလည်း များပြားကြောင်း မင်းတပ် CDFတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ- CDF မင်းတပ် တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article