25 C
Yangon

ငါန်းဇွန်တွင် ပြည်သူများကို ပစ်သတ်မည်ဟုခြိမ်းခြောက်ခဲ့သော စစ်ကောင်စီ ခန့် ကုလရွာအုပ်ချုပ်ရေးမှူး အောင်ဇော်မင်း ပစ်သတ်ခံရ ၊ ဖောင်းပြင်၊ မြစ်သား နှင့်ရေးမြို့နယ်တို့လည်း အုပ်ချုပ်ရေးမှူးနှင့်သတင်းပေးဟု နာမည် ထွက်သူ ၃ ဦး အသတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် ပြည်သူ များကို ပစ်သတ်မည်ဟု ခြိမ်း ခြောက် ခဲ့သော စစ်ကောင်စီခန့် လက် နက်ကိုင်ဆောင်ခွင့်ရ ​ကျေးရွာ အုပ်ချုပ်​ရေးမှူး အောင်ဇော်မင်း သည် ယနေ့ ည နေ ၄ နာရီတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိ ရသည်။

“ဒီညနေ သူ အပြင်ထွက်နေတုန်း သေနတ်နဲ့ ၅ ချက် ပစ်ခံရတာ။ ပွဲချင်း ပြီး သေပါတယ်။ သူကအရမ်းဆိုးတဲ့သူ။ စစ်တပ်ကို ရွာခေါ်ပြီး ရွာသားတွေကို ပစ်သတ်ခိုင်းခဲ့တယ်။ အဒေါ်အရင်းကိုတောင် ပစ်ခိုင်းတာ အခုတော့သေပြီ။ ရွာသားတွေကိုလည်း သူက ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာ” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူ အောင်ဇော်မင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ​ကျေးရွာ သို့ ​ခေါ်ယူပြီး ရွာအတွင်း ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စစ်တပ်ကို ရွာကိုခေါ်ယူခဲ့ပြီး ကျေးရွာသူ အမျိုးသမီး တစ်ဦး ​သေနတ်ဖြင့် အပစ်ခံရ​ကြောင်း၊ ပစ်ခတ်ခံရသူသည် အောင်ဇော်မင်း ၏ အဒေါ်အရင်း ဖြစ်ကြောင်း၊ ဆွေမျိုးအသိုင်းအဝိုင်းအတွင်း ​အောင်​ဇော်မင်းသည် မည်သူနှင့်မျှ မတည့်ကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ် ရေးမှူး ဖြစ်လာသော ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များနှင့် အငြိုး ထားပြီး ဆွေမျိုးများနှင့်တစ်ရွာလုံးကို နှိပ်စက်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် မန်သဲအုပ်စု ပေါက်ကုန်းတွင် သတင်းပေးဟု နာမည်ထွက်သူ ကျော်မြင့် ယနေ့အသတ်ခံရကြောင်း သိရှိ ရသည်။

အလားတူ ယနေ့ ညနေ ၃ နာရီအချိန် မန္တလေးတိုင်း၊ မြစ်သားမြို့နယ် ဂွေးရွာ ရှိ စစ်တပ်သတင်းပေးဟု အမည်ထွက်သူ ဇော်မင်းထိုက်ဆိုသူလည်း သေ နတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ၊ယမန်နေ့ စစ်တပ် ထောက်ခံ ပွဲကို ဇော်မင်းထိုက်က ဦးစီးလုပ်ဆောင်ကြောင်း၊ စစ်တပ်ကို ကျေးရွာသို့ ဖုန်း ဆက်ခေါ်ယူကာ ရွာသားများကို ရိုက်နှက်ဖမ်းဆီးစေခဲ့သူဖြစ်ကြောင်း၊ ဂွေးကျေးရွာ အပါအဝင် အနီးအနားရပ်ရွာများတွင် စစ်တပ်နှင့်ပူးပေါင်းကာ တရားမဝင် လောင်းကစားပွဲများ ဦးဆောင်ကျင်းနေသူလည်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့် တွင် အစင်စံပြကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်မြင့် ပစ် သတ် ခံရကြောင်း၊ ရေးကာကွယ်ရေးတပ်YGF တပ်ဖွဲ့က ပစ်ခတ် ခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ပစ်ခတ်ခံရသော ငါန်းဇွန်မြို့နယ်၊ စစ်ကောင်စီခန့် လက် နက်ကိုင်ဆောင်ခွင့်ရ ​ကျေးရွာ အုပ်ချုပ်​ရေးမှူး အောင်ဇော်မင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article