25 C
Yangon

ရန်ကုန်မြို့ မြောက်ဥက္ကလာရဲစခန်းအနီး ဗုံးပေါက်သံနှင့် ပစ်ခတ်သံများ ထွက် ပေါ်၊ လှိုင်သာယာ စစ်တပ်အထည်ချုပ်စက်ရုံအနီးတွင်လည်း ယခုည ပစ်ခတ် မှုဖြစ်၊ တာမွေရဲစခန်းလည်း ဖောက်ခွဲခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်တွင် ဖေဖော်ဝါရီလ ၂ရက်နေ့ ည ၁ဝနာရီ ကျော်ခန့်က ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး လူနာတင်ကားများလည်း ဆက်တိုက် သွားလာနေကြောင်း ဒေသခံ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” စခန်း ၉နားမှာ ပစ်သံတွေပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေရတယ်။ နေ ရာ ကတော့ အတည်တော့ မပြုနိုင်သေးဘူး။ လူနာတင်ကား အသံတွေတော့ ဆူညံနေတာပဲ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ယနေ့ ည ၁၀ နာရီဝန်းကျင်အချိန် လှိင်သာယာ စနေမ ၅ ထိပ် စစ်တပ်ချည်မျှင်စက်ရုံနားတွင် ပြင်းထန်သောပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ပြီး သေနတ်ပစ်ခတ်သံအချို့လည်း ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တာမွေရဲစခန်းကို နံနက် ၈ နာရီ ၅၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် ရန်ကုန် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့(ဗဟန်း)နှင့် ပြည်သူ့အင်အားစုက ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်း နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကြံ့ဖွတ်အမတ်ပြုတ် ဒေါက်တာ ဦးသိန်းဇော်မြင့်နေအိမ် နှင့် စစ်တပ်အားပေးထောက်ခံသူ ဦးအုန်းကြွယ် ပိုင် ဆိုင်သော ချမ်းမြေ့ဂုဏ် ဓာတ်ဆီဆိုင်တို့အား မြို့ပြပြောက်ကျားအဖွဲ့က တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article