25 C
Yangon

စစ်ကိုင်း၊ ညောင်ပင်ရှည်ရွာ ပျူစောထီးခေါင်းဆောင် ဇော်ဝင်း၊ ကျိုက်လတ်ရှိ နှင်းဆီပါတီကိုယ်စားလှယ်ဟောင်း လှသောင်း တို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ သုတ်သင်ရှင်းလင်း

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာမှ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးခေါင်းဆောင် ဇော်ဝင်းကို အာဏာရှင်စန်စတိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ PAFD က ယနေ့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက်တွင် သာဇင်ကျေးရွာနှင့် အိုင်းဓမ္မကျေးရွာကြားတွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

ပျူစောထီးခေါင်းဆောင်ဇော်ဝင်းသည် အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးခြင်းများ၊ ပျူစောထီးအဖွဲ့ဝင်များပြားလာစေရန် လုပ်နေခြင်းများကြောင်း PAFD အဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ညောင်ပင်စုကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီသတင်းပေး နှင်းဆီပါတီ ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဦးလှသောင်းကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၂ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ဧရာဝတီလင်းပိုင်နှင့် ဧရာဗေဒါအဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

နှင်းဆီပါတီကိုယ်စားလှယ်ဟောင်း ဦးလှသောင်းသည် ဒေသတွင်းရှိ အပြစ်မဲ့ပြည်သူများကို PDF ဟု စွပ်စွဲကာ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး ရိုက်နှက်ဖမ်းဆီးနေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖျာပုံ PDF ဧရာဗေဒါအဖွဲ့က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ညောင်ပင်ရှည်ရွာမှ ပျူစောထီးခေါင်းဆောင် ဇော်ဝင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article