25 C
Yangon

မင်းအောင်လှိုင်နှင့် ဇနီး သမ္မတအိမ်တော်အနီး ဗိုလ်ရှုခံ အဆောက်အအုံတွင် ကြည်း၊ရေ၊လေ စစ်ကြောင်းများဖြင့် အလေးပြုခံရန် လုံခြုံရေးတင်းကျပ်၊ ဒရုန်းဖြင့်တိုက်ခိုက်မည်ကို စိုးရိမ်နေ၍ ဝေဟင် လုံခြုံရေး အထူး စီမံထားပြီး အနားကပ်လာသည့် မသင်္ကာသူ မှန်သမျှကို ပစ်ခွင့်ပေးထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီးတို့သည် သမ္မတအိမ် တော်အနီး ဆောက်လုပ်ထားသော ဗိုလ်ရှုခံ အဆောက်အအုံတွင် ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့ စိန်ရတု ပြည်ထောင်စု အဆောက်အအုံတွင် အလေးပြု ခံ မည်ဖြစ်ပြီး ကြည်း၊ရေ၊လေ စစ်ကြောင်းများ၊ ဝန်ကြီးဌာန စစ်ကြောင်း များ က ချီတက် အလေး ပြုရမည်ဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သည် စိန်ရတု ပြည်ထောင်စု နေ့ ဗိုလ်ရှုခံတွင် အလေး ပြုခံ လိုသော်လည်း ဒရုန်းဖြင့် တိုက် ခိုက်မှုများရှိလာမည်ကို စိုးရိမ်နေကြောင်း၊ လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားပြီး ဝေဟင်လုံခြုံရေးအတွက် လို အပ် သော ဒရုန်းပစ်ချသည့် လက်နက်များ၊ လေကြောင်းရန် ကာကွယ်ရေး အစီအမံများကို အထူး တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း သိရှိရသည်။

လက်ရှိတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ သာမန်လေ့ကျင့်ခြင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဝတ်စုံပြည့် လေ့ကျင့်ခြင်း များ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ မင်း အောင်လှိုင်ကို အလေးပြုရမည့် ပြည်နယ်နှင့်တိုင်း အလှပြည်ယာဉ် စီးရေ ၅၀ ကျော်ကိုလည်း နေပြည်တော် ဥပါနသိန္တိစေတီ ဘုရားရှေ့ တပေါင်းကွင်းမှ ယနေ့ ညနေပိုင်း ပြည်သူ့လွှတ်တော်ဝင်းအတွင်းသို့ ပြောင်းရွှေ့ နေပြီဖြစ် ကြောင်း သိရှိရသည်။

ဗိုလ်ရှုခံနေ့အတွက် လုံခြုံရေး အစီအမံတွင် မင်းအောင်လှိုင် အနီးသို့ ၎င်း၏ ကိုယ်ရံတော် လုံခြုံရေးတပ်များမှ အပ မည်သူကိုမှ ကပ်ခွင့်မပေးဘဲ ပစ်ခတ် ခွင့်များပါ ပေးထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article