25 C
Yangon

အကြမ်းဖက်စစ်ကောင်စီတပ်များ ကလေးမြို့တွင် မိုင်း ၂၈ လုံးဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခံရ ၊ ၁၅ ဦး သေ၊ ခြေပြတ်လက်ပြတ်ဖြစ်သူ များပြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကလေးမြို့ တောင်ပိုင်းမှာ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၇ စီးပါသည့် ယာဉ်တန်းသည် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၅ နာရီ ဝန်းကျင် စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် ရပ်ကာ စစ်ကောင်စီဝင်များ နတ်မြောင်းဘက်သို့ လမ်းမကြီး တစ်လျှောက် လမ်းလျှောက် ဖြန့်တက်လာစဉ် မိုင်း ၂၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ကောင်စီဝင် ၃၀ ဦးခန့် ထိမှန်သွားကြောင်း PDF (Kalay) က သတင်းထုတ်ပြန်သည်။ “မနေ့က ညနေက ဒဏ်ရာရသူကို သူတို့ ခေါ်သွားတယ်။ အားလုံးကို သူတို့က ရန်ကြီးအောင်မှာ ချတယ်။ သူနာပြုခေါ် ပြုစုခိုင်းတယ်။ ကားပေါ်က ချလာတဲ့ လူက ၃၀ နဲ့ ၄၀ ကြားလောက်ရှိတယ်။ ခြေပြတ်လက်ပြတ်တွေက တော်တော်များတယ်လို့ ကြားတယ်။ သေတဲ့ လူတွေက ၁၅ ယောက်ကျော်တယ်။ ကျန်တဲ့ လူက ခြေပြတ်လက်ပြတ်တွေများတယ် “ ဟု PDF (Kalay) ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ထို့ပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့တွ၍်ပင် ကလေးမြို့မှ တောင်ပိုင်းသို့ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ ကား ၅စီး သာယာကုန်းရွာဘက်သို့ စစ်ကြောင်းဖြန့်တက်လာရာ နေ့လယ် ၁၂ နာရီတွင် သာယာကုန်းရွာ၏ မြောက်ဘက်တွင် PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ရှောင်တခင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၁ နာရီခန့် ရှိခဲ့ကြောင်း PDF (Kalay) က သတင်းထုတ်ပြန်သည်။ “အဲဒီတိုက်ပွဲမှာ ကျွန်တော်တို့ဘက်ကတော့ တပ်ဖွဲ့ဝင် နှစ်ဦး အသက်စွန့်ခဲ့ရပါတယ်” ဟု PDF (Kalay) က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ အဆိုပါ သာယာကုန်းရွာ မြောက်ဘက်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲနှင့် ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီဝင်များ၏ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article