25 C
Yangon

လူမှုရေးဖောက်ပြန်မှုဖြင့် နာမည်ဆိုးကျော်ကြားသူ ဗိုလ်မှူးကြီး အောင်မြတ် ထွန်း က စစ်နယ်မြေမှူးအဖြစ် မင်းတပ်တွင် ကွပ်ကဲ၊ တိုက်ပွဲ များရှုံးနိမ့်၍ မတူပီဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ရာထူးချခံရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃

၂၀၂၁ ခုနှစ် မေလတွင် မင်းတပ်မြို့အနီး CDF နှင့် တိုက်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် စစ်နယ်မြေမှူးအဖြစ် မင်းတပ် ခလရ ၂၇၄ တွင် ကွပ်ကဲနေသူ ဗိုလ်မှူးကြီးအောင်မြတ်ထွန်းသည် လူမှုရေးဖောက်ပြန်မှုများဖြင့် နားမည်ဆိုကျော်ကြားပြီး မယားငယ်ကို ရှေ့တန်းတပ်ရင်းတွင် ခေါ်ယူနေထိုင်နေ၍ လက်အောက်ခံ အရာရှိ တပ်သားများကြား မကျေနပ်မှုများ ဖြစ်ပွားနေကြောင်းလည်း သိရှိရသည်။

“ဗိုလ်မှူးကြီး အောင်မြတ်ထွန်းက မင်းတပ်က ခလရ ၂၇၄ အရာရှိဆောင်မှာ မယားငယ်ခေါ်နေတယ်၊ အောက်ကလူတွေက မကျေနပ်ကြဘူး။ သူက အရင်ကလည်း မင်းတပ်တက္ကသိုလ်ဆောက်တုန်းက ဆောက်လုပ်ရေးပစ္စည်းတွေကို ကျောက်ထုမှာရှိတဲ့ GE တာဝန်ခံနဲ့ပေါင်းပြီး ရောင်းစားသေးတယ်” ဟု CDM ဗိုလ်ကြီးက ဆက်ပြောပြသည်။

မင်းတပ် ခလရ ၂၇၄ အကြီးအကဲ ဗိုလ်မှူးကြီး အောင်မြတ်ထွန်းဟာ မင်းတပ် တက္ကသိုလ် ဆောက်လုပ်ရာမှာ အသုံးပြုတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ကိုယ်ရေးကိုယ်တာ အမြတ်အစွန်းအတွက် တရားမဝင်ရောင်းချမှု ကိစ္စများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ အကျင့်ပျက်ခြစားမှုကိစ္စများနှင့် အိမ်ထောင်ရေး အရှုပ်အရှင်း ကိစ္စများနဲ့ ပတ်သက်နေကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ယနေ့ထုတ်ပြန်ထားသည်။

မင်းတပ် ခလရ ၂၇၄ သည် မတူပီဗျူဟာအောက်တွင် ရှိပြီး နည်မြေအကွာအဝေးများ CDF တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ဗိုလ်မှူးကြီးအောင်မြတ်ထွန်းကို စစ်နယ်မြေမှူးအဖြစ် တာဝန်ပေးခံရကာ မင်းတပ်၊ ကန်ပက်လက်၊ ထီးလင်း၊ ကျောက်ထု၊ ဆော ဒေသတိုက်ပွဲများကို ကွပ်ကဲနေခြင်းဖြစ်သည်။

“မတူပီဗျူဟာမှူးနဲ့ စစ်နယ်မြေမှူးနဲ့က ရာထူးအများကြီးကွာတယ်၊ ဗျူဟာမှူးက အများကြီးမြင့်တာပေါ့၊ ပုံစံကတော့ ဗျူဟာမှူးလို ပုံစံမျိုးဖြစ်တာပေါ့၊ဗိုလ်မှူးကြီးအောင်မြတ်ထွန်းကို မင်းတပ်မှာ စစ်နယ်မြေမှူးအဖြစ်ထိုင်ထားခိုင်းပြီးတော့ အနီးဝန်းကျင်က တိုက်ပွဲတွေကို ကွပ်ကဲခိုင်းထားတာပေါ့” ဟု CDM ဗိုလ်ကြီး ကောင်းသူဝင်းက ဆိုသည်။

၂၀၂၁ ခုနှစ် မေလတွင် မင်းတပ်မြို့အနီးဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရှက်တကွဲရှုံးနိမ့်ပြီးနောက် ခလရ ၁၄၀ မှ ဒုတပ်ရင်းမှူး ရန်နောင်ထူးကို မုံရွာတွင် အကျယ်ချုပ်ထားသလို မတူပီဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကို စုံခုံတွင် စစ်ဆေးကာ ရာထူးချခဲ့ကြောင်း သိရှိရသည်။

“ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကို မင်းတပ်ဖြစ်စဉ်မှာ တာဝန်ရှိတယ်ဆိုပြီး စုံခုံမှာစစ်တယ်၊ ပြီးတော့ ရာထူးချတယ်ပေါ့၊ တကက ၁၁ (အမှတ် ၁၁ အဆင့်မြင့်တန်းမြှင့်လေ့ကျင့်ရေးကျောင်း) ဒု ကျောင်းအုပ်ကြီးအဖြစ် ပြောင်းလိုက်ရတယ်၊ ပြီးတော့ အဲဒီဖြစ်စဉ်မှာ ခလရ ၁၄၀ က ဒုရင်းမှူးရန်နောင်ထူးကို အကျယ်ချုပ်နဲ့ မုံရွာမှာ ထားထားတယ်” ဟု CDM ဗိုလ်ကြီး ကောင်းသူဝင်းက ဆိုသည်။

၂၀၂၁ ခုနှစ် မေလ အတွင်း မင်းတပ်မြို့အနီး၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်သား အများအပြားကျဆုံးပြီး လက်နက်ခဲယမ်းအများအပြားကို CDF မင်းတပ်တပ်ဖွဲ့က သိမ်းဆည်းခဲ့ကာ စစ်ကား ၃ စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ ဖြစ်စဉ်ပြီးနောက် စစ်ကောင်စီက တာဝန်ရှိသူများကို ရာထူးချ ပြောင်းရွှေ့ပြီး မယားငယ်ကို ရှေ့တန်းတပ်ရင်းတွင် ခေါ်နေထိုင်သူ ဗိုလ်မှူးကြီး အောင်မြတ်ထွန်းကို စစ်နယ်မှူးအဖြစ် ကွပ်ကဲခိုင်းခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article