26 C
Yangon

ဘီးလင်းမြို့နယ်၊ မိချောင်းအိုင်၊ ကျခတ်ချောင်း၊ ဖာပိန်ကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မိချောင်းအိုင်၊ ကျခတ်ချောင်း၊ ဖာပိန် ကျေးရွာများသို့ စစ်တပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန် လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်နေသဖြင့် ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် ကားများ ရာချီ ရပ်တန့် ပိတ်ဆို့နေကြောင်း သိရှိရသည်။

“ဘီးလင်းမြို့နယ်မှာအမြှောက်တပ်က လက်နက်ကြီးတွေနဲ့ ရွာတွေထဲ ရမ်းသန်းပစ်ခတ်နေတယ်။ ဒီနေ့ ဖေဖော် ဝါရီလ ၃ရက်နေ့ မွန်းလွဲ ၂နာရီ ကျော်လောက်က မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်အတွင်း လက်နက် ကြီးတွေ နဲ့ပစ်ဖြစ်နေလို့ ရန်ကုန် – မော်လမြိုင်လမ်းမပေါ်မှာ ခရီးသွားကား တွေလမ်း မှာ ရပ်ထားရတယ်။ လက်နက်ကြီးသံတွေကြားရတယ် ၊ မီးခိုးလုံးတွေ လည်း မြင်ရတယ် ၊ လာသမျှခရီးသွားကားတွေ အကုန်ရပ်ထားရတယ်။ မိချောင်း အိုင်ကျေးရွာ ကျခတ်ချောင်းကျေးရွာ ဖာပိန်ကျေးရွာ များထဲကို လက်နက် ကြီးများကျရောက်ပေါက်ကွဲပြီး လူနဲ့ တိရိစ္ဆာန်များ ထိခိုက်မှုရှိနေပါတယ်” ဟု မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ NLD ထိပ်တန်းတာဝန်ရှိသူက ပြောသည်။

“မိချောင်းအိုင်ကျေးရွာထဲသို့လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူနှစ်ဦး ထိခိုက်တယ်။ အိမ်မွေးဝက်တွေလည်း ထိခိုက်တယ်” ဟု NLD ထိပ်တန်း တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ခရီးသွားကားများ ဆက်လက်၍ စောင့်ဆိုင်းနေရဆဲဖြစ်ပြီး စိတ်ချရသည့်အခြေအနေတွင်မှ ထွက်ခွာကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရပ်တန့်ထားရသည့် ခရီးသည်တင်ကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article