25 C
Yangon

နယ်စပ်တမူးမြို့ကို အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ပြီး ဗိုလ်ရှုသဘင်အတွက် အိန္ဒိယက လက်ဆောင်ပေးသော မြင်း ၃၂ ကောင်ကို စစ်ကောင်စီ သယ်ယူ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃

ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် နေပြည်တော်၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မည့် ဗိုလ်ရှုသဘင်ပွဲအတွက် မြင်း ၃၂ ကောင်ကို အိန္ဒိယနိုင်ငံက ပေးကြောင်းနှင့် မြင်းများ တင်ဆောင်သည့်ကားများ နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ ယနေ့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီနှင့် နေ့လယ် ၁၂ နာရီကြားတွင် ဖြတ်သွားကြောင်း၊ ကားများ ဖြတ်သန်းချိန်တွင် တမူးမြို့၌ ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မြင်းက ၃၂ ကောင်၊ တမူးက ဖြတ်တာမဟုတ်ဘူး၊ ဒီမနက် ၁၁ ခွဲ ၁၂ ကြားထဲမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး တံတားကနေ ဖြတ်ပြီး သယ်သွားတာ၊ မင်းအောင်လှိုင်လုပ်မယ့် ဗိုလ်ရှုသဘင်အတွက် လက်ဆောင်ပေးတာတဲ့၊ ကျနော်တို့ ပြည်သူတွေက အသက်အိုးအိမ် စည်းစိမ်တွေကို စွန့်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်နေကြတဲ့အချိန်မှာ ဒီမိုကရေစီဘိုးအေ အိန္ဒိယနိုင်ငံက ဘာကြောင့် ဖက်ဆစ်စစ်တပ်ကို ဘာကြောင့်ထောက်ခံနေတာလဲဆိုတာ ဘယ်သူမှ ကျေနပ်ကြမှာမဟုတ်ဘူး။” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ မြင်းများ သယ်ဆောင်သည့် ကားများ ဖြတ်သန်းချိန်တွင် တမူးမြို့ကို အင်တာနက်လိုင်းရော ဖုန်းလိုင်းများပါ ဖြတ်တောက်ထားခဲ့ကြောင်းလည်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရူးသည့် စရိုက်လက္ခဏာ အပြည့်ရှိနေပြီး ကိုဗစ်ကြောင့် တိုင်းပြည် စီးပွားရေးအထိနာခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် စီးပွားရေး ထိုးကျနေချိန်တွင် ငွေကျပ်ဘီလီယံချီ အသုံးပြု၍ ဗိုလ်ရှုခံ အဆောက်အအုံ နှင့် အလေးပြုခံရန် စီစဉ်နေခြင်းဖြစ်သည်ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article