25 C
Yangon

စစ်ကောင်စီအလိုကျ ပြည်သူများ၏ ဘဏ်အကောင့်များကို ပိတ်ပင်နေသည့် အတွက် မြင်းခြံ KBZ ဘဏ်ခွဲ ၃ ဗုံးဖောက်ခွဲခံရပြီး ATM စက် ၂ လုံး ပျက်စီး၊ မြဝတီ KBZ ဘဏ်အနီးတွင်လည်း မိုင်းကွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်း၊ မြင်းခြံ KBZ ဘဏ်ခွဲ ၃ ကို စစ်ကောင်စီအလိုကျ ပြည်သူများ၏ ဘဏ်အကောင့်များကို ပိတ်ပင်နေသည့်အတွက် ယနေ့ နံနက် ၆ နာရီတွင် ဖောက် ခွဲတိုက်ခိုက်မှု မြင်းခြံ Ranger MGN Ranger က လုပ် ဆောင်ခဲ့ပြီး ATM စက်နှစ်လုံး ပျက်စီးသွားကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီ အချိန် အမှတ်(၂၃၁/စွန်းလွန်း)၊ ဗိုလ်ချုပ်လမ်းမကြီး၊ (၁၉)ရပ်ကွက်၊ မြင်းခြံမြို့ပေါ်ရှိ KBZ ဘဏ်ခွဲ ၃ ကို ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့မနက်အစောပိုင်းမှာ ကျနော်တို့အဖွဲ့ကနေ ပြည်သူများရဲ့ Bank account တွေနဲ့ Kpay account များကို သက် သေအထောက်အထားမရှိဘဲ မသေချာဘဲနဲ့ လက်လွတ်စပယ် Freeze လုပ်နေတဲ့ KBZ bank ရဲ့ ဘဏ်ခွဲတစ်ခုဖြစ်တဲ့ မြင်ခြံဘဏ်ခွဲအမှတ် ၃ ကိုသတိပေးဖောက်ခွဲခဲ့ပါတယ်။ ထိခိုက်မှုအနေနဲ့ ATM စက်နှစ်လုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိပါဘူး” ဟု MGN Ranger အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။ အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့ပေါ် ရပ်ကွက် ၄ ရှိ KBZ ဘဏ် နောက်ကျောတွင်လည်း မိုင်းတစ်လုံး ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁၂ နာရီခန့်အချိန်တွင် ပေါက်ကွဲသွားကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- မြင်းခြံ KBZ ဘဏ်ခွဲ ၃

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article