25 C
Yangon

မကွေးတိုင်း၊ လောင်းရှည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းအဖွဲ့ ဝင်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံး

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၅

မကွေးတိုင်း၊ လောင်းရှည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းအဖွဲ့ ဝင်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံးကြောင်း YDF(Saw&Kyaukhtu) က သတင်းထုတ်ပြန်သည်။ဖေ​ဖော်ဝါရီလ (၄) ရက်နေ့ နံနက် (၄) နာရီခွဲ အချိန်ခန့်တွင် PDF – Saw, YDF (Saw&Kyaukhtu) ပူးပေါင်းအဖွဲ့များ ဆောမြို့တွင်းရှိ အရာရှိများတပ်စွဲထားရာနေရာနှင့် စစ်ကောင်စီ ဒေါက်တိုင်များအား တိုက်ခိုက်ချိန် PDF – Laung She (LRPDF) နှင့် YDF(Saw&Kyaukhtu) ပူးပေါင်းအဖွဲ့များကလည်း လောင်းရှည်မြို့ မီးသတ်ကုန်းတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ (၂) နာရီခန့် ပြင်းထန်ခဲ့ပြီး စကစ ဘက်မှ ၂ ပွင့်ဗိုလ်တစ်ဦးနဲ့ တပ်သား တစ်ဦး ကျဆုံးခဲ့ကြောင်း YDF(Saw&Kyaukhtu) က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ဒေသခံပြည်သူ ကျဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ Video -PDF – Laung She နှင့် YDF(Saw&Kyaukhtu) ပူးပေါင်းပြီး အကြမ်းဖက် စကစ အား တိုက်ခိုက်ခဲ့ကြသော မှတ်တမ်း ဗွီဒီယိုဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article