25 C
Yangon

မောင်တောင်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား၊ AA ဖက်မှ တပ်သားတစ်ဦးကျဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၅ ရက်

ရခိုင်ပြည်နယ်မောင်တောမြို့နယ် မီးတပ်ကျေးရွာ၏ အရှေ့မြောက်ဖက်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ၁ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ဘက်မှပြောသည်။

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းရင်းမှာ မြန်မာစစ်တပ် ခမရ ၃၅၂ မှ စစ်ကြောင်း (၁) က ရက္ခိုင့်တပ်တော်အခြေပြုရာနေရာကို ဝင်ရောက်လာပြီး ကင်းသမားအား လက်ဦးပစ်ခတ်ခဲ့မှုကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်ဖက်မှ ယခုကဲ့သို့ဝင်ရောက်ပစ်ခတ်မှုမှာ ရခိုင်ပြည်မခြေနေအား မတည်မငြိမ်ဖြစ်စေရန်လုပ်လိုသည့်သဘောမျိုး ဖြစ်ပြီး မြန်မာစစ်တပ်ဖက်မှ အခြေနေဆိုးအောင်လုပ်လာလျှင် တိုက်ပွဲဆက်ဖြစ်မည်ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။

“မြန်မာစစ်တပ်ဖက်က ရက္ခိုင့်တပ်တော် အခြေပြုတဲ့နေရာကို ရုတ်တရက်ဝင်လာပြီး ကင်းသမားကို ပစ်ခတ်တာကြောင့် ဖေဖော်ဝါရီ ၄ ရက်နေ့က မောင်တော မီးတပ်ရွာ အရှေ့မြောက်ဖက် လက်ပံတောင်ကြားမှာ တိုက်ပွဲဖြစ်ကြတယ်။ မြန်မာစစ်တပ်က ခုလိုဝင်ရောက်ပစ်ခတ်တာဟာ တည်ငြိမ်နေတဲ့အခြေအနေကို မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့သဘောမျိုးဖြစ်တယ်။ မြန်မာစစ်တပ်ဖက်က အခြေနေဆိုးအောင်ထပ်လုပ်လာရင် တိုက်ပွဲဆက်ဖြစ်နိုင်တယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုတွင် ရက္ခိုင့်တပ်တော် AA ဖက်မှ ကင်းစောင့်ရဲဘော်တစ်ဦး ကျဆုံးမှုရှိခဲ့ပြီး မြန်မာစစ်တပ်ဖက်မှလည်း ထိခိုက်ကျဆုံးမှုမည်မျှရှိသည်ကိုမူ မသိရှိရကြောင်း ရက္ခိုင့်တပ်တော် AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြော သည်။

တိုက်ပွဲမှာ နေ့လည်ပိုင်းအချိန်ခန့်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး အချိန်အားဖြင့် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့သည်ဟု ခိုင်သုခမှပြောသည်။

Western News-WN

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article