26 C
Yangon

သာကေတ ရေတပ်စခန်းဝင်းသို့ ဗုံးပစ်လက်နက်ဖြင့် ပစ်ခတ်ခံရ၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်းတို့တွင် ပေါက်ကွဲမှုများဖြစ်ပွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်ရှိ ရေတပ်စခန်းဝင်းအနီးသို့ ယနေ့ညပိုင်း ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခံရခြင်း၊ ဗုံးပေါက်ကွဲခြင်းများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

” ရေတပ်ဝင်းနားမှာ ဗုံးပေါက်တာရော၊ ကားလမ်းပေါ်ကနေ ဗုံးသီးလက်နက်နဲ့ ပစ်တာရော ရှိတယ်လို့ သိရတယ်။ ပေါက်ကွဲမှု ၃ ကြိမ်၊ ၄ ကြိမ်လောက်ရှိရမယ်။ ည ၇ နာရီကနေ ည ၉ နာရီခွဲအတွင်း ဗုံးပေါက်လိုက်၊ ဗုံးသီးလက်နက်နဲ့ အပစ်ခံရလိုက်ဖြစ်တာ။ ဘယ်က ပစ်နေမှန်းကိုမသိဘူး။ ဒဏ်ရာရတာရှိ၊ မရှိတော့မသိဘူး” ဟု သာကေတမြို့နယ် ရေတပ်ဝင်းအနီး နေထိုင်သူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် သာကေတ ရှုခင်းသာလမ်းမကြီးတစ်လျှောက်ကို စစ်တပ်နှင့်ရဲက ပိတ်ဆို့စစ်ဆေးခြင်း၊ ကားဖြင့် ကင်းလှည့်ခြင်း၊ ရေတပ်ဝင်းနားရှိ ရပ်ကွက်များကို ဧည့်စာရင်းစစ်ခြင်းများ လုပ်ဆောင်နေကြောင်း ိသရှိရသည်။

အလားတူ ပုဇွန်တောင်၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ ၊ မရမ်းကုန်းမြို့နယ်များတွင်လည်း ယခု ဗုံးများတောက်လျှောက်ဆိုသလို ပေါက်ကွဲနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမပေါ်ရှိ ရေတပ်စခန်းဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article