25 C
Yangon

ဖားကန့်တွင် သေဆုံးမှုများနေသော စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူအင်အား ၆၀ နီးပါး လာချ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနော့မှော်တိုက်ပွဲတွင် အထိနာသော စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် စစ်အင်အား ၆၀ နီးပါး ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ လာချပေးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ဖြစ်ပွားလျက်ရှိသော မနော့မှော်တိုက်ပွဲတွင် အင်အား ၁၀၀ ရှိသော စစ်ကောင်စီစစ်ကြောင်း အားလုံးနီးပါး သေဆုံးပြီး တချို့ ကစဉ့်ကလားထွက်ပြေးနေကြောင်း၊ ယင်းနောက် စစ်တပ်က ရဟတ်ယာဉ်များ စစ်ကူများ လာချပေးခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်ကူများ ချထားပေးသည့်အပြင် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း၊ ရဟတ်ယာဉ်နှင့်တိုက် လေယာဉ် နှစ်မျိုးစလုံးကို အသုံးပြု၍ ဗုံးကျဲ တိုက်ခိုက်နေကြောင်း၊ ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article