26 C
Yangon

ပုလဲမြို့ပေါ် ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို PDF ဝင်တိုက်၊ ရဲနှင့်စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူ ၈ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ပုလဲမြို့မရဲစခန်းနှင့် မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးကို PDF ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး ပစ်တ်မှုများကြောင့် လူ၈ ဦးထက်မနည်းထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၉ နာရီခွဲအချိန် ပုလဲမြို့ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို PDF ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် ကျားသစ်နက်တပ်ဖွဲ့၊ ဒေါင်းနက်တပ်ဖွဲ့၊ MPL နှင့်မြိုင်အဖွဲ့များ၊ မြောက်ပိုင်းအဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း ၊ ပစ်ခတ်မှုများကြောင့် ပျူစောထီးနှင့်သတင်းပေး ၈ ဦး ထက်မနည်း ကျဆုံးကြောင်း Pale People’s Defence Force – Headquarters အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ပုလဲ ရဲစခန်းကိုလက်နက်ကြီးနဲ့၃ချက်ပစ်ခတ်ခဲ့ပါတယ်။ ထွေ/အုပ်ရုံးကိုလည်း လက်နက်ကြီးနဲ့ပစ်တယ်။ အကျအဆုံးကတော့ စစ်တပ်လက်ပါးစေပျူစောထီးတွေတော့ကျတယ်။ ၈ယောက်လောက်ကျတယ်လို့သတင်းရတယ်။ တိုက်ပွဲက ည ၉နာရီခွဲလောက်မှာ စပြီးတော့ ည ၁၁ခွဲ ဝန်းကျင်မှာပြီးပါတယ်” ဟု Pale People’s Defence Force – Headquarters အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပုလဲမြို့ခံများ၏ အဆိုအရ သေဆုံးသွားသူများသည် ရဲနှင့်စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် သေဆုံးသူများ များပြားကြောင်း ၊ စစ်တပ်ထောက်ခံသူများ အများစုပါဝင်နေကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပုလဲမြို့တောင်ပိုင်း၊ မြို့ဒေါင့်ရပ်ရှိ နေအိမ်တစ်လုံး မီးလောင်သွားကြောင်း ပြောဆိုသည်။

“အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီးတော့ လူတွေလည်း ပြေးကြ လွှားကြတယ်။ မီးတွေလည်းလောင်တော့ ပြေးကြရင်း ရဲနဲ့စစ်တပ်ကလည်း ရဲစခန်းနဲ့ရုံးတွေထဲကနေ လမ်းပေါ်က လူတွေကိုပစ်တာ။ အဲဒီမှာ သေတာများတယ်။ အခုထက်ထိတော့ သေတဲ့သူတွေက ရဲစခန်းနားမှာနေတဲ့ တပ်ထောက်ခံသူတွေလို့ သိရတယ်။ အားလုံးပေါင်း ၁၀ ဦးလောက်ရှိမယ် သေတာ။ ပြည်သူတွေလည်းပါတယ် ပစ်ခံရပြီးသေတာ။ အဓိက ပစ်တာက ရဲနဲ့ စစ်တပ်က ရမ်းပစ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများတွင် ဦးမောင်ဉာဏ် ၊ အမျိုးသမီးတစ်ဦး၊ ဦးခင်မောင်ဆွေ၊ မချမ်းမြလှိုင် တို့ကို အတည်ပြုထားနိုင်ပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article