25 C
Yangon

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင် စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၅ နာရီတွင် ဗဟန်းမြိုနယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်စိန်မှန်လမ်းရှိ မြိုနယ်ထွေအုပ်ရုံးအနီးတွင် ဗုံးပေါက်ကွဲပြီး လူထိခိုက်မှုမရှိကြောင်း၊ ဗုံးကွဲမှုကြောင့် စစ်တပ် က လမ်းပိတ်ပြီး စစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ ယနေ့ ဒဂုံမြို့သစ်တောင်ပိုင်းတွင်လည်းကောင်း၊ ရွှေပြည်သာမြို့နယ်တွင်လည်းကောင်း ညနေ ၆ နာရီ ၄၄ မိနစ်တွင်လည်းကောင်း၊ မြောက်ဥက္ကလာမြို့နယ်တွင်လည်း ညနေ ၆ နာရီ ၃၆ မိနစ်တွင် ဗုံးပေါက်ကွဲကြောင်း၊ ဒဂုံ တောင် မြောက်လမ်းဆုံ တစ်နေရာတွင် ည ၇ နာရီ ကျော်တွင် ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှသိရှိရသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် နေပြည်တော်တပ်ကုန်းမြို့ တိုးဂိတ်တောင်ဘက် စစ်ကောင်စီဂိတ်၊ တပ် ကုန်းနင်ဂျာပျောက်ကြားတပ်ဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှုရှိနိုင်သော်လည်း အတိအကျ မသိရှိရသေးကြောင်း အဆိုပါအဖွဲ့က ဆက်သွယ်ပြောဆိုသည်။

အလားတူ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကျုံးမြို့ရိုး အနောက်ဘက် ၊ လမ်း ၈၀ x ၁၉ လမ်းထောင့်ရှိ ကင်း စောင့် နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို Generation Z Power- GZP (Mandalay)က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ နောက်ဆက်တွဲအနေဖြင့် ပြင်းထန်ဒဏ်ရာနှင့် သေဆုံးသူရှိကြောင်း GZP အဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article