25 C
Yangon

ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအနီးကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၂ ရက် ဆက်တိုက် ပစ်ခတ်ပြီး စစ်သား အများအပြား ချထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်များက စစ်ရဟတ်ယာဉ်ဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်ပြီး စစ်သားအများအပြားကို ရဟတ်ယာဉ်ဖြင့် ချထား လျက်ရှိကြောင်း ဒေ သခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မနေ့ညနေကလည်း ရဟတ်ယာဉ်တွေဝဲပြီး ပစ်တယ်။ တိုက်ပွဲမဖြစ်ဘူး။ ဒီအတိုင်းပစ်တာ။ ရဟတ်ယာဉ်ပေါ်ကနေ ၅ ချက်လောက်ပစ်တယ်။ နောက်ပြီးတော့မှအခြားရဟတ်ယာဉ်နဲ့ စစ်သားတွေ ချထားတယ်။ အခုတော့ တောင်ပြင်ငယ်ရွာနားက ရွာတွေကတော့ အကုန် ပြေးနေရပြီ။ ဘာကြောင့် အဲလိုကြီးရုတ်တရက် လာတာလဲတော့ သေချာမသိပါဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင်လည်း ရေဦးမြို့နယ် တောင်ပြင်ငယ်ကျေးရွာ၊ အောင်ရေတွင်းကျေးရွာ၊ ပလူဇ၀ကျေးရွာ အနီးတဝိုက်ကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး စစ်အင်အားများ လာချသည့် ရေဦးမြို့နယ် တောင်ပြင်ငယ်ကျေးရွာသည် မင်းကင်း၊ ကနီ ၊ ရေဦးနှင့် ဒီပဲယင်း မြို့နယ် ၄ ခု ဆက်စပ်နေသည့် နေရာဖြစ်ကြောင်း၊ စစ်ရဟတ်ယာဉ် ၆ စီးခန့်ဖြင့် စစ်အင်အားများ ချထားခဲ့ကြောင်း သိရှိရသည်။

ရဟတ်ယာဉ်ဖြင့် ချထားသော စစ်ကောင်စီတပ် အင်အား ၇၀ ဝန်းကျင်ခန့်သည် တောင်ပြင်ငယ်ကျေးရွာကို ယမန်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ကျေး ရွာအတွင်း ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ၊ ဘုန်းကြီး ကျောင်းတွင် တပ်စွဲပြီး ဒေသခံတချို့ကို ဖမ်းဆီးနှိပ်စက် ရိုက်နှက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊အတွင်း ပစ်ခတ်မှုများလုပ်ဆောင်နေသော စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article