25 C
Yangon

ကျောက်တန်းတွင် Mytel တာဝါတိုင် ဗုံးခွဲခံရပြီးနောက် NLD လူငယ် ၂၀ ထက်မနည်း ရိုက်နှက်ဖမ်းဆီး စစ်ကြောခံရ၊ ရန်ကုန်တွင် ကင်းပုန်းများချပြီး စစ်တပ်က လုံခြုံရေးတင်းကျပ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ယမန် နေ့ည ၉ နာရီကျော်အချိန် ဗုံးခွဲမှု တစ်ရပ် ဖြစ်ပွားပြီးနောက် ကျောက် တန်းမြို့နယ် ၊ ဇွဲဘာကုန်းတန်းကျေးရွာမှ လူငယ် ၂၀ ဦးထက်မနည်းကို စစ် တပ်က ဖမ်းဆီးရိုက်နှက် စစ်ကြောနေကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကျောက်တန်းမြို့နယ် ဇွဲဘာကုန်းတန်းကျေးရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီကျော်အချိန် ချိန်ကိုက်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း၊ ဗုံးပေါက်သံမှာ ကျယ်လောင်ပြီး ပျက်စီးမှုများ ရှိကြောင်း၊ NLD ပါတီဝင် လူငယ် ၂၀ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးပြီး ရိုက်နှက် စစ် ကြော လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“‌Mytel တာဝါတိုင်က ထောင်ထားတာသိပ်မကြာသေးဘူး။ တာဝါတိုင် ဗုံးခွဲခံရပြီးတော့ ညက စစ်တပ်က ဖမ်းသွားတဲ့ လူတော်တော်များများက NLD အဖွဲ့ဝင်တွေပါ။ ရိုက်နှက်ဖမ်းဆီးပြီး စစ်ကြောရေးကိုပို့လိုက်တော့ ဆွေမျိုးမိဘတွေက အရမ်းစိုးရိမ်နေကြတယ်။ အခုရွာထဲကိုလည်း စစ်ခွေးတွေဝင်လာတယ်။ ဧည့် စာရင်းနဲ့ VPN စစ်မယ်လည်းပြောနေတယ်” ဟု ကျေးရွာသားတစ်ဦးက ပြော သည်။

ထို့ပြင် ယနေ့ ရန်ကုန်မြို့တွင် စစ်ကောင်စီဘက်က လုံခြုံရေးများ ချထားပြီး ကင်းပုန်းများဖြင့် ဆန္ဒပြမှုများ၊ ဗုံးခွဲမှုများ မဖြစ်ပေါ်စေရန် စောင့်ကြည့်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“မြေနီကုန်း စမ်းချောင်း ပြည်လမ်းမပေါ် အင်အားအတော်များတယ်။ ပြည်လမ်းတစ်ေလျှာက် ၈မိုင်ကနေစပြီး စခ ၊ရခ တွေနေရာအနှံ့လမ်းကြားတွေကအစ စောင့်နေတယ်။ ပြည်လမ်းကန်ဘောင်မှာလည်း စခ၊ ရခတွေ နေရာအနှံ့စောင့်နေတယ်။ ရန်ကုန်တက္ကသိုလ်ရှေ့တွင်လည်း အင်အားများစောင့်နေတယ်။ နေရာအနှံ စခရခတွေစောင့်နေပြီး လမ်းတွေ ခဏ ပိတ်ပြီး ပြန်ဖွင့်တာမျိုးတွေလည်းလုပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ သာကေတ၊ လှိုင်သာယာ။ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင် သီရိမင်္ဂလာစျေးအနီးတို့တွင်လည်း ရဲကားနှင့်စစ်ကားများ၊ အိမ်စီးကားများ ဖြင့် ကင်းလှည့်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စမ်းချောင်းမဟာမြိုင်ဆေးရုံရှေ့တွင် ယနေ့ နံနက်ပိုင်း ကားများကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article