25 C
Yangon

စစ်တပ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု AA က မှတ်ချက်ပေးစရာမရှိဟုဆို၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ မတက်ဟု TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော်ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

အကြမ်းဖက် စစ်တပ်က ယမန်နေ့ ညပိုင်းက ထုတ်ပြန်သော ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့်ပတ်သက်ပြီး AA အနေဖြင့် မှတ်ချက်ပေးရန် မရှိကြောင်း AA၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ယမန်နေ့ညပိုင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး ယင်းဖိတ်ခေါ်ချက်ကို AA အနေဖြင့် မှတ်ချက်ပေးရန် မရှိဟု ခိုင်သုခက ပြောဆိုသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို တရားဝင် ဆက်သွယ်လာတာမရှိသေးဘူး။ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအတွင်းမှာလည်း ဒီကိစ္စနဲပတ်သက်ပြီး တိုင်ပင်ဆွေးနွေးတာ မလုပ်ရသေးဘူး။ လောလောဆယ်မှာတော့ ဘာမှ မှတ်ချက်မပေးစရာမရှိသေးဘူးဗျ”ဟု ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရှမ်းပြည်အခြေစိုက် သတင်းဌာနဖြစ်သော ရွှေဖီမြေတွင်မူ စစ်ကောင်စီက ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA ၊ TNLA နှင့် ‌MNDAA တို့ တက်ရောက်မည်မဟုတ် ကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဖော်ပြသည်။

“ကျွန်တော်တို့စီကို တရားဝင်စာပို့လာတာလည်း မရှိဘူး။ ကျွန်တော်တို့ တက်ရောက်မှာလည်း မဟုတ်ဘူး “ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ရွှေဖီမြေသတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို လူထုတင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထဲမှ အကြမ်းဖက် လုယူသိမ်းယူခဲ့ပြီး ပြည်သူပေါင်း ၂၀၀၀ နီးပါးကို သတ်ဖြတ်ကာ ပြည်သူသောင်းချီကို ဥပဒေမဲ့ အကြောင်းမဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက် အကျဉ်းချထားပြီး နိုင်ငံတကာကလည်း အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြုခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article