25 C
Yangon

မန္တလေးတွင် စစ်တပ်နှင့်ဆက်နွယ်သော KBZ ဘဏ်၏ ATM မီးရှို့ခံရ၊ စစ်အင်အားအလုံးအရင်းဖြင့် စိန်ပန်းအနောက် လူနေရပ်ကွက်ကို ဝင်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မန္တလေးတွင် စစ်တပ်နှင့် ဆက်နွယ်ပတ်သက်နေသည့် KBZ ဘဏ်၏ ATM ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် မီးရှို့လိုက်ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ VOMDY ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ၈၃ လမ်း ၂၀နှင့် ၂၁ လမ်းအကြားရှိ KBZ ဘဏ်မှ ATM ကို မီးရှို့လိုက်ကြောင်း၊ JMPDF နှင့် MPDF ပူးပေါင်းအဖွဲ့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး မီးသတ်ကား ၃ စီးဖြင့် မီးငြိမ်းသွားကြောင်း၊ ယင်းနောက် စစ်တပ်နှင့်ရဲက ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ယင်းနောက် ယနေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ စိန်ပန်းအနောက်အကွက် ၃၇၃ထင်၀င်း ရပ်ကွက် ကို စစ်သား ၂၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်စီးနင်းပြီး တစ်အိမ်တက်ဆင်း စစ်ဆေးမှုများလုပ်ဆောင်ကြောင်း၊ ဓာတ်ပုံများနှင့်အတူ လိုက်လံ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူတချို့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မီးရှို့ခံရသော KBZ ဘဏ် ATM

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article