25 C
Yangon

မိုးနဲမြို့ စစ်ကောင်စီ အမြှောက်တပ် ၃၆၃ မှ တပ်သား ၂ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃၆၃ အမြှောက်တပ်မှ တပ်သား ၂ ဦးသည် ပြည်သူ့ဘက်က ရပ်တည်ပြီး CDM ပြုလုပ်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အမတ ၃၆၃ မှ တပ်သား ၂ ဦးသည် ပြည်သူ့ပန်းတိုင်နှင့် ချိတ်ဆက်ပြီး ပြည်သူ့ဘက်ရပ်တည်လာကြောင်း၊ လက်ရှိအချိန်တွင် ဘေးကင်းရာသို့ ပို့ဆောင်ထားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်။

“စကစ ရဲ့ လက်အောက်မှာ ကျတော်တို့ ဘယ်လိုမှ မနေနိင်တော့ဘူး။ အရင်ကတည်းက ကျတော်တိုနှစ်ယောက် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်ဖို့အတွက် နည်းလမ်းပေါင်းစုံ ကြံစည်နေတာ။ အခု အခြေအနေတစ်ခုပေးလာတော့ ကျတော်တို့ ရအောင်ကြိုးစားပြီး ထွက်ခဲ့ရတာပဲ။ အခုကျတော်တို့ အောက်ခြေက စစ်သည်တွေဆိုရင် ဘယ်မှလည်းသွားခွင့်မရ၊ မိဘအိမ်လည်းပြန်မရ၊ လစာတွေကိုလည်း ဘဏ်စုငွေဆိုပြီး ပြန်သွင်းခိုင်းတယ်။ ဒီတော့ ဘဏ်စုငွေကို ထုတ်ခွင့်မရဘူး။ ကျတော်တို့တပ်မှာ အောက်ခြေစစ်သည်တွေ ထပ်ပြီးထွက်လာဖို့တွေလည်း ရှိနေပါတယ်။” ဟု ပြည်သူနှင့် ပူးပေါင်းလာသည့် တပ်သား ၁ ဦးက ဆိုသည်။

ယခင် ပြည်သူ့စစ်သားအဖွဲ့မှ ပြောင်းလဲဖွဲ့စည်းထားသော ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ပြီး CDM ပြုလုပ်လာသူ စစ်သားဦးရေ ၃၀၀ ကျော်ရှိပြီဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article