25 C
Yangon

တာဝေးပစ် စနိုက်ပါသေနတ် ဝယ်ယူသည့် ကုန်ကျစရိတ်အတွက် ပြည်သူများ လှူဒါန်းပါဝင်ကြရန် ဒီးမော့ဆို PDF တပ်ရင်း A တိုက်တွန်း

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာတွင် လိုအပ်နေသည့် RUGER precision file အမျိုးအစား သေနတ်ဝယ်ယူထားသည့် ကုန်ကျစရိတ် ၃၆,၇၀၀,၀၀၀ ကျပ်ကို ပြည်သူများ ထည့်ဝင်လှူဒါန်းပေးကြရန် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း A က ယနေ့ တိုက်တွန်းထားသည်။

စစ်‌ကောင်စီကို ခုခံတော်လှန်‌နေကြ‌သောအချိန်တွင် မရှိမဖြစ်လိုအပ်သည့် လက်နက်ကောင်းများနှင့် စိတ်‌ဓာတ်ခွန်အားတို့သည် မိဘပြည်သူလူထုများ၏ ထောက်ပံ့ကူညီ အားပေးမှုဖြင့် ရပ်တည်နေကြောင်း၊ RUGER precision rifle သေနတ် ဝယ်ယူရာတွင် ကုန်ကျငွေကို ပြည်တွင်းပြည်ပ အလှူရှင်များက ကျပ်ငွေ ၁,၀၀၀၊ ၂,၀၀၀ ကစ၍ လှူဒန်းပေးကြဖို့ ဒီးမော့ဆို PDF က မေတ္တာရပ်ခံထားသည်။

အဆိုပါ Ruger အမျိုးအစား သေနတ်၏ ကုန်ကျစရိတ်မှာ ၃၆၇၀၀၀၀၀ကျပ် ဖြစ်ပြီး ကျည်ဆံတစ်တောင့် တန်ဖိုးသည် ၅၅၀၀၀ ကျပ်ဖြစ်ကြောင်း၊ သေနတ်၏ အားသာချက်မှာ လေယာဉ်နှင့် တင့်ကားတို့ကို ဖောက်ထွင်းနိုင်သော ပြင်းအားရှိ၍ အတော်လှမ်းဝေးသည့် ပစ်မှတ်တို့ကိုလည်း ပစ်ခတ်နိုင်ကြောင်း ဒီးမော့ဆို PDF က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article