29.6 C
Yangon

ဘားအံ၊ ဂျို့ပင်ဆိပ်ရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းစခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘားအံမြို့နယ်၊ ဂျို့ပင်ဆိပ်ရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၁၄ တပ်ရင်း ပူးပေါင်းအင်အား ၃၀ ခန့်ရှိသော စခန်းကို KNLA တပ်မဟာ ၁ တပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၇ ရက် နံနက် ၉ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံး၊ တပ်ခွဲမှူးအပါအဝင် ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် အကျအဆုံးများသော ဂျို့ပင်ဆိပ်စခန်းမှ စစ်သားများသည် ဖေဖေါ်ဝါရီလ ၈ ရက် နံနက်တွင် စခန်းကို စွန့်ခွာပြီး မိတ္ထီလာရွာဘက်သို့ ထွက်ပြေးသွားကြောင်း KNU က သတင်းထုတ်ပြန်သည်။KNLA က ဂျို့ပင်ဆိပ်စခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့၏ ပြန်လည် ရမ်းသန်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီး ခရီးသွားပြည်သူ ၁ ဦး ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရကြောင်း လက်ရှိအချိန်တွင် KNLA က ဆေးဝါးကုသပေးထားကြောင်း သိရှိရသည်။KNU တပ်မဟာ ၁ က စစ်ကောင်စီလက်အောက်ခံ BGF နှင့် ဝန်ထမ်းများ ဘားအံမြို့နယ်မှ နုတ်ထွက် ထွက်ခွာသွားကြရန် တရားဝင် ကြေညာချက် ထုတ်ပြန် သတိပေးထားပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article